ဟာရီကိန်း မယ်လစ်ဆာကြောင့် ဟေတီတွင် လူ ၃၀ သေဆုံး ဂျမေကာတွင် လူတစ်သန်းခွဲ ထိခိုက်

(နိုင်ငံတကာ) နိုဝင်ဘာ ၆

ဟာရီကိန်းမုန်တိုင်း မယ်လစ်ဆာကြောင့် ဟေတီနိုင်ငံတွင် အနည်းဆုံးလူ ၃၀ သေဆုံးပြီး ဂျမေကာနိုင်ငံတွင် လူပေါင်းတစ်သန်းခွဲမှာ ထိခိုက်ခဲ့ရကြောင်း ကုလသမဂ္ဂမှပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာလ ၄ ရက်တွင် ပြောသည်။

မုန်တိုင်းကြောင့် ဂျမေကာ၌ လမ်းမကြီး ၁၃၀ ကျော်ပိတ်ဆို့ကာ လျှပ်စစ်နှင့် ဆက်သွယ်ရေးကွန်ရက်များ ပြတ်တောက်ခြင်းအပါအဝင် အခြေခံအဆောက်အဦများ သိသိသာသာပျက်စီးခဲ့သည်။

ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ဂျမေကာတွင် လူပေါင်း ၃၆၀,၀၀၀ အထိ စားနပ်ရိက္ခာ အကူအညီလိုအပ်နိုင်သည်ဟု ခန့်မှန်းထားသည်။

ဟေတီတွင်လည်း ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများက ပျက်စီးဆုံးရှုံးမှုများကို ဆက်လက်အကဲဖြတ်နေပြီး လိုအပ်နေသူများထံ အကူအညီများ တိုးမြှင့်ပေးပို့နေကြောင်းသိရသည်။