(မှုခင်း) ဇွန်လ ၂၇

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ ဇွန်လ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် PDF သမားများက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါ ကျေးရွာ နေသူများဖြစ် ကြသည့် ဦးမျိုးညွန့် ၊ ၅၇ နှစ်၊ ဒေါ်မြင့်မြင့်ဝင်း၊ ၅၅ နှစ်၊ မဂျူးကေသာ၊ ၈ နှစ်တို့ သုံးဦးသေဆုံးခဲ့ပြီး ကိုလှိုင်မျိုးကျော်၊ ၂၃ နှစ်၊ ဒေါ်မာမာ၊ ၃၄ နှစ်နှင့် မောင်ဖုန်းထက်မြတ်၊ ၁ နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက် PDF သမားများ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီး ၌ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီးလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးကာ လိုအပ်ချက်များအပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် PDF သမားများက အပြစ်မဲ့အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်ခဲ့မှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
အကြမ်းဖက် PDF သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
Telegram»…
https://t.me/positiveanglenews