သာသနာပိုင်ယာဥ်ကိုစီးလာတဲ့ PDF က လုံခြုံရေးအဖွဲ့ကို ယာဥ်ပေါ်ကပစ်ခတ်


(မှုခင်း) ဇွန်လ ၂၇

ဂွေးချို ကျောင်းတိုက်စာတမ်းပါ သာသနာယာဉ်အမှတ် MDY-RGL – 5139 ၊ Nissan WINGROAD အမျိုးအစား၊ မီးခိုရောင်ယာဉ်ကိုစီးနှင်းလာတဲ့ အကြမ်းဖက်သမားတွေက လုံခြုံရေးအဖွဲ့ အပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ပျော်ဘွယ်မြို့နယ်၊ ကျွန်းတုန်းကျေးရွာ၊ နတ်မောက် – ပျော်ဘွယ်ကားလမ်းပေါ်မှာ ဒီနေ့ ဇွန်လ ၂၆ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ကဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက PAN ကိုအတည်ပြုပါတယ်။

ပျော်ဘွယ်မြို့ရဲ့ အနောက်ဘက်(၂၅)မိုင်ခန့်မှာရှိတဲ့ လုံခြုံရေးကင်းစခန်းတစ်ခုကို PDF တွေက ချောင်းမြောင်းပစ်ခတ်ခဲ့တာဖြစ်လို့ အကျအဆုံးရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်အဖွဲ့တွေဟာ ပရဟိတယာဥ်တွေ သံဃာတော်တွေစီးနင်းတဲ့ယာဥ်တွေကိုအသုံးပြုပြီး လုံခြုံ​ရေးအဖွဲ့တွေကို ချောင်းမြောင်းပစ်ခတ်ခဲ့ကြသလို တခါတရံ ဆရာတော်တွေစီးနင်းလာတဲ့ တော်ယာဥ်တွေကို အကြောင်းမဲ့ပစ်ခတ်တာကြောင့် ဆရာတော်တွေပျံလွန်တော်မူကြတာတွေလည်း အများအပြားဖြစ်ပေါ်နေပါတယ်။

လိုင်စင်မဲ့မော်တော်ယာဥ်တွေကို ဒီလဆန်းပိုင်းကစ​ တင်ကာ ဖမ်းဆီးမှုတွေပြုလုပ်နေပြီး ပရဟိတနဲ့ သံဃာတော်စီးယာဥ်တွေပါဖမ်းဆီးနေပေမယ့် သံဃာတော်စီးယာဥ်တွေကိုတော့ ​မြို့နယ်သံဃနာယကဆရာတေယ်တွေရဲ့မှတ်ချက်နဲ့ စီးနှင်းခွင့်ပြုထားတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN