ငါန်းဇွန်တွင် ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးသွား


(ပြည်တွင်း) ဇွန်လ ၂၁

မန္တလေးတိုင်းဒေသကြီး ၊ငါန်းဇွန်မြို့နယ်၊ မြို့သာကျေးရွာအုပ်စု၊ မြို့သာအရှေ့ရွာမှ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးသွားကြောင်း သိရသည်။

ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က မြို့သာအရှေ့ရွာနေ ဦးစိန်ထွန်း၊ ၇၀ နှစ်၊ (ဘ)ဦးကျေး(ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်ကော်မတီ၀င်ဟောင်း)သည် ၎င်းပိုင်ယာဉ်အမှတ် 3M/2837၊HIJET မော်တော်ယာဉ်ဖြင့် မြို့သာမှငါန်းဇွန်မြို့သို့ ခရီးသည် ၃ ဦးနှင့် အတူထွက်ခွာလာစဉ် မြို့သာ-ငါန်းဇွန်ကားလမ်းမ၊မြို့သာ၏မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ နတ်စိမ်းကျေးရွာနှင့် ရွာသာကျေးရွာကြားအရောက်တွင် သေနတ်အရှည်များ ကိုင်ဆောင်ထားသည့် အကြမ်းဖက် PDF များနှင့်တွေ့ဆုံဲ့ကြောင်း၊ ထို့နောက်အကြမ်းဖက် PDF များသည် ခရီးသည်များအားချထားခဲ့ပြီး ဦးစိန်ထွန်းနှင့် ယာဉ်အား ဖမ်းဆီးယူဆောင်ကာ အောက်ရိုးကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF များ ထွက်ခွာသွားသည့် နေရာအား နယ်မြေလုံခြုံရေး အခြေအနေအရ အခင်းဖြစ်ပွားသည့်နေရာသို့ လုံခြုံ ရေးတာဝန်ရှိသူများမှ သွားရောက် နိူင်ခြင်းမရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN