



(နိုင်ငံတကာ) ဇွန် ၂၀
စျေးပေါပေါနဲ့အစားထိုးဝင်ရောက်လာတဲ့ ဆွမ်းသပိတ်ကြောင့် သီရိလင်္ကာမှာရှိတဲ့ ရိုးရာ လက်မှုပညာ သပိတ်လုပ်ငန်းတွေ အခက်အခဲတွေနဲ့ကြုံတွေ့နေကြရပါတယ်။
စွန့်ပစ်ထားတဲ့ သံမဏိစည်တွေနဲ့ပြုလုပ်တဲ့ သပိတ်တလုံးကို ရူပီ ၆၀၀ (၂ ဒေါ်လာ) ဝန်းကျင်သာရရှိပေမယ့် ရက်သတ္တတစ်ပတ်ကို ငါးလုံး ခြောက်လုံးသာထုတ်လုပ်နိုင်တယ်လို့ သီရိလင်္ကာနိုင်ငံမှာရှိတဲ့ ပန်ဝိလရွာက သပိတ်လုပ်ငန်းနုဲ့အသက်မွေးဝမ်းကြောင်းပြုတဲ့ လက်သမားတွေကပြောပါတယ်။
နိုင်ငံခြားကဝင်လာတဲ့ အလူမီနီယံသပိတ်တွေဟာ စျေးသက်သာပြီး ပေါ့ပါးတာကြောင့် လက်မှုသပိတ်လုပ်ငန်းရှင်တွေအနေနဲ့ စျေးကွက်ပြိုင်ဆိုင်နိုင်ဖို့အတွက် ခက်ခဲတွေရှိနေတယ်လို့သိရပါတယ်။
သိရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ပြီး ဗုဒ္ဓဘာသာ ၂၂ သန်းခန့်မှာ သံဃာအပါး ၄၂၀၀၀ ကျော်သာ ရှိပေမယ့်လည်း သပိတ်လိုအပ်ချက်က အချိုးအစားမမျှဘဲ မြင့်မားနေတယ်လို့လည်း AFP သတင်းတစ်ရပ်အရ သိရပါတယ်။
ပြည်ပကဝင်ရောက်လာတဲ့ သပိတ်တွေဟာအရည်အသွေးညံ့ဖျင်းပြီး အလူမီနီယမ်နဲ့ ပြုလုပ်ထားတာကြောင့် အစားအသောက်တွေ ထည့်စားဖို့ မသင့်တော်ဘူးလို့ ဘုန်းတော်ကြီးတွေကပြောဆိုထားပြီး အရည်အသွေးမြင့်တင်ဖို့နဲ့ လက်မှုလုပ်ငန်းတွေကိုမြှင့်တင်ပေးကြဖို့ တိုက်တွန်းနေကြပါတယ်။