နိုင်ငံအဝန်း ကျောင်းသားကျောင်းသူ ၆၁ သိန်းကျော် စတင်ပညာသင်ယူနေ

(ပြည်တွင်း).ဇွန် ၃

၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် နိုင်ငံအဝန်းမှာ ကျောင်းသူ ကျောင်းသား ၆၁ သိန်းကျော် စတင် ပညာသင်ယူနေပြီလို့ ပညာရေးဝန်ကြီးဌာနထံက သိရပါတယ်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းတွေကို နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကအခြေခံပညာကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ မေလ ၂ ရက်နေ့ မနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ပါတယ်။

အခြေခံပညာကျောင်းတွေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းတွေမှာ ပညာသင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆,၁၁၉,၂၆၀ ဦး တက်ရောက်ပညာသင် သိရပါတယ်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ အခြေခံပညာမူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား/ကျောင်းသူတွေကို ကျောင်းအပ်နှံချိန်မှာ သင်ရိုး ညွှန်းတန်းစာအုပ်တွေ၊ ဗလာစာအုပ်တွေ စာရေးကိရိယာတွေကို အခမဲ့ထုတ်ပေးပြီး KG နဲ့မူလတန်း ကျောင်းသား/ကျောင်းသူတွေကို ကျောင်းဝတ်စုံတွေအခမဲ့ ပေးအပ်နေတယ်လို့ သိရပါတယ်။

အခြေခံပညာဦးစီးဌာန၊ အခြေခံပညာကျောင်းတွေရဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်မူလတန်းကျောင်းအပ်နှံမှု ၄,၁၄၆,၂၅၁ ဦး၊ အလယ်တန်းကျောင်းအပ်နှံမှု ၁,၃၄၄,၂၃၆ ဦးနဲ့အထက်တန်းကျောင်းအပ်နှံမှု ၆၂၈,၇၇၃ ဦး၊ စုစုပေါင်း ကျောင်းအပ်နှံမှုမှာ ၆,၁၁၉,၂၆၀ ဦးဖြစ်တယ်လို့ သိရပါတယ်။

#PAN