(နိုင်ငံတကာ) မေလ ၂၉

တရုတ်ကျောင်းသားတွေရဲ့ ဗီဇာကို ရုတ်သိမ်းသွားမယ်လို့ အမေရိကန်အစိုးရက ကြေညာလိုက်တယ်လို့ သိရပါတယ်။
အဆိုပါ ကြေညာချက်ထုတ်အပြီး နာရီပိုင်းအကြာမှာပဲ ပေဂျင်းက အမေရိကန်သံရုံးမှာ ဗီဇာအသစ်လျှောက်ထားဖို့အတွက်ပါ အခက်ကြုံသွားခဲ့ပြီလို့ Reuters က ဖော်ပြခဲ့ပါတယ်။
လက်ရှိမှာ အမေရိကန်ကို သွားရောက်ဖို့ ဗီဇာကျပြီးသား ကျောင်းသားတွေဟာ ထွက်ခွာခွင့်မရတော့မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရဟာ တရုတ်ကျောင်းသားတွေနဲ့ ဟောင်ကောင်ကျောင်းသားတွေဟာ တရုတ်စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ ယူဆပြီး ကန့်သတ်မှုတွေကို လုပ်ဆောင်လိုက်တာလည်း ဖြစ်ပါလို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews