(မှုခင်း) မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့တွင် ကျောင်းအပ်နှံမှုဆောင်ရွာက်နေသည့် ပညာရေးဝန်ထမ်းအား အကြမ်းဖက်PDFအဖွဲ့ မှ အသက်အန္တရာယ်ခြိမ်းခြောက်ထားကြောင်း သိရသည်။

ငါန်းဇွန်မြို့၏တောင်ဖက် ၈မိုင်ခန့်အကွာရှိ ဂျိုကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်နာရီ၂၀မိနစ်အချိန်ခန့်က ကျောင်းအုပ်ကြီးနှင့်ဆရာ/မများမှ ကျောင်းအပ်နှံမှုလုပ်ငန်းများဆောင်ရွက်နေစဥ်အကြမ်းဖက် PDF ၃ဦး လက်နက်ကိုယ်စီကိုင်ဆောင်ကာ ၀င်ရောက်လာပြီး ကျောင်းကိုဘယ်သူကဖွင့်ခိုင်းတာလဲ၊နောက်နေ့ကျောင်းဖွင့်တာမမြင်ချင်ဘူး၊ဖွင့်တဲ့သူသတ်ပစ်မယ်ဟု ခြိမ်းခြောက်ပြောဆိုပြီး ကျောင်း ၀င်းအတွင်းမှပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၊ဆင်သားမွေးကျေးရွာအုပ်စု၊ဆင်သားမွေးကျေး ရွာရှိ အထက(ခွဲ)ကျောင်းတွင် ကျောင်းအုပ်ကြီး ဦးဝင်းမင်းထွန်းနှင့်ဆရာ/ဆရာမများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်နေစဥ် (၃ ဦးသာအပ်နှံလက်ခံပြီးချိန်) ၂၃-၅-၂၀၂၅ ရက်နေ့ နံနက်၉နာရီ၂၀မိနစ် အချိန်တွင် အကြမ်းဖက် PDF ၁၀ဦးခန့် ကျောင်းသို့ ရောက်လာပြီး ကျောင်းအုပ်ဆရာကြီး၏ ဖုန်းကိုသိမ်းယူကာ ကျောင်းအပ်လက်ခံနေသည့် ဆရာ/ဆရာမတို့အား စာမသင်ကြားရေး၊ကျောင်းမဖွင့်ရေးပြောကြားခဲ့ကြောင်း၊၎င်းနောက် စာမသင်ကြားကြရန် လက်မှတ်ထိုးခိုင်းခဲ့ပြီး လက်မှတ်မထိုးပါက ဤဒေသတွင် နေထိုင်ခြင်းမပြုကြရန်၊နေထိုင်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
#PAN