(ပြည်တွင်း) မေ ၂၅
ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ်က နေအိမ် အလုံး၂၀ ရေထဲမျောပါခဲ့ရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ(အနောက်ကျွန်း)ကျေးရွာအနီးက နေအိမ်(၁၃)လုံးနဲ့ ယအမှတ်(၄)ရပ်ကွက်၊ တိုးချဲ့နယ်မြေအနီးက လူနေအိမ်(၇)လုံး မျောပါခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

ဒီနေ့ မေလ ၂၅ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပြီး ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအနီးက ပြိုကျနိုင်ခြေရှိတဲ့ နေအိမ်မတွေကိုလည်း ညောင်တုန်းမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီရွှေ့ပြောင်းတာတွေလုပ်ဆောင်ပေးနေတယ်လို့လည်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ပြောပါတယ်။


#PAN