(ပြည်တွင်း) မေ ၂၅
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်း(မုတ္တမ ဘူတာ) တာကနေ ကျောက်အပြည့်တင်ဆောင်လာတဲ့ ကျောက်ရထားဟာ သထုံနဲ့ ဘီးလင်းကြားက သိမ်ဆိပ်အထွက် သထုံမြို့နယ် မိုးကောင်းနဲ့ဒုံဝန်းကြားမှာ မိုင်းနင်းမိခဲ့တာကြောင့် လမ်းချောတိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။

(သဲဖြူကုန်း(မုတ္တမ)ကနေ တိုးကြောင်ကလေး(ရန်ကုန်)ကိုသွားမယ့် ကျောက်ရထားဟာ ဒီနေ့မနက် ၈ နာရီခန့်မှာ မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။

ကျောက်ရထားမိုင်းမိနေလို့ မော်လမြိုင်ကနေ ရန်ကုန်ကိုထွက်လာတဲ့အမြန်ရထားဟာလည်း သထုံဘူတာမှာတွင် ခေတ္တရပ်နားနေပြီး အခြေအနေကိုစောင့်ကြည့်နေတယ်လို့ သိရပါတယ်။

“ခရီးသည်တွေက သထုံမှာပိတ်မိနေတယ်။ မိုင်းခံတွဲနဲ့ စက်ခေါင်းမိုင်းထိပြီး ပြေးလမ်းချော်သွားတယ် တစ်ချို့အတွဲတွေလဲအကုန်ဘေးထိုးကျကုန်တယ်ဆိုတော့ ပြင်ဆင်ချိန်ကကြာနိုင်တယ်လို့ ပြောလို့ရမယ်။ ခရီးသည်တွေကတော့ ဒုက္ခရောက်ကြတာပေါ့။” လို့ သထုံဘူတာက စျေးသည်တစ်ဦးကပြောပါတယ်။

ရန်ကုန်ကလာတဲ့ ရန်ကုန် – မော်လမြိုင် အမြန်ရထားကတော့ သိမ်ဇရပ်မှာရပ်နားထားပြီး ရန်ကုန်ပြန်လှည့်မှာဖြစ်လို့ ခရီးဆက်မယ့် ခရီးသည်တွေကကားနဲ့သာ ခရီးဆက်ကြရမယ့်အခြေအနေရှိနေပါတယ်။

ဒီနေ့မနက် ၆ နာရီက ရန်ကုန်ဘူတာကြီးကနေထွက်ခွာလာတဲ့ DEMU နေပြည်တော်ရထားဟာ မြို့လှဘူတာမှာ နေ့လယ် ၁၁ နာရီဝန်းကျင်ကတည်းက ရပ်တန့်နေတယ်လို့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။
#PAN