(မှုခင်း) မေလ ၂၃

အမျိုးသမီးစုံတွဲများကို ညစ်ညမ်းဗီဒီယိုရိုက်ကူးပြီး Live လွှင့်ကာရရှိသည့် အကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၃၀ စီ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အပြင်ပဒံကျေးရွာ၊ ရွှေကမ်းသာယာ အိမ်ရာ Block 84 တိုက်အမှတ် (၅)တွင် တရုတ်နိုင်ငံသားများဖြစ်ကြသည့် Mr. Wang Shaohua (၃၉)နှစ် (ဘ) ဦးဝမ်းရှင်း၊ ဖား ယူနန်ပြည်နယ် တရုတ်နိုင်ငံ၊ Mr. Yung Kun (၃၇)နှစ် (ဘ)ဦးရန်ပေါင်စွင့် တာ့လျန်ပြည်နယ် တရုတ်နိုင်ငံ၊ Mr. Zeng Yuan (၂၉)နှစ် (ဘ) ဦးကျင်းယုံ ကောင်း စီချွမ် ပြည်နယ် တရုတ်နိုင်ငံနှင့် အဲလစ်စစ်(ခ) နော်မူးရှီးဖော(ခ)ကျဲကျဲ(မ) (၃၂)နှစ် (ဘ) ဦးစောလားချရှီး ငပုတော မြို့နယ် ဧရာဝတီတိုင်းဒေသကြီးနေသူတို့က မြန်မာအမျိုးသမီးစုံတွဲ လေးတွဲ တို့ကို Sex Video ရိုက်ကူး၍ Live လွှင့်ကာရရှိသည့် အကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်း . (ပ) ၈၇၆/၂၀၂၄၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က) (ခ)ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။
အင်းစိန်ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ပြီး ၂၀၂၅ ခုနှစ် မေ ၂၀ ရက်တွင် တရားခံ Mr. . Wang Shaohua၊ Mr. Yung Kun ၊ Mr. Zeng Yuan နှင့် အဲလစ်စစ် (ခ) နော်မူးရှီးဖော (ခ) ကျဲကျဲ (မ)တို့ လေးဦးအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)အရ အလုပ်နှင့်ထောင်ဒဏ် နှစ် (၂၀)စီနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (ခ)အရ အလုပ်နှင့်ထောင် ဒဏ်(၁၀)နှစ်စီကို တစ်ပေါင်းတည်း ကျခံစေရန်အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ သူသူရှိန်(မ)ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇/ ၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews