(မှုခင်း) မေလ ၂၃

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့နယ်တွင် မတ်လ ၁၉ ရက်နေ့က Gade-9 ကျောင်းသူတစ်ဦးအား အမျိုးသားနှစ်ဦးမှ အတင်းအဓမ္မသားမယားပြုကျင့်၍ သတ်ဖြတ်ခဲ့မှုအား ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေး တရားစွဲဆိုခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံနှစ်ဦးအား မေလ ၂၂ရက်နေ့က တောင်ငူခရိုင်တရားရုံးမှ မသေမချင်းကြိုးကွင်းစွပ်၍ သတ်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ် မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့နယ် ၊ ကျွန်းကုန်းကျေးရွာအုပ်စု ၊ ကျွန်းကုန်းမြောက်ပိုင်းတွင် မိခင်နှင့်အတူနေထိုင်သူ မ……၊ ၁၆နှစ်၊ Grade-9 ကျောင်းသူသည် မိမိ၏နေအိမ် အိပ်ခန်းအတွင်း၌ လည်ပင်းပြတ်ရှဒဏ်ရာဖြင့်သေဆုံးနေကြောင်းသတင်းအရ နယ်မြေရဲစခန်းတာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ရာတွင် သေဆုံးသူ၏လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ၃ လက်မခန့်ရရှိခဲ့ပြီး အနီးတွင် အရိုး/အသွား ၁၆လက်မခန့်ရှိ ဓားမ ၁ ချောင်း ၊ နိုင်လွန်းကြိုးတစ်ချောင်း တို့အားသွေးများ ပေကျံလျှက်တွေ့ရှိခဲ့ရပြီး အတူနေမိခင်အားမေးမြန်းခဲ့ရာ နေအိမ်တွင်း သားမိနှစ်ဦးသာအတူနေထိုင်ကြောင်း အခင်းဖြစ်နေ့ နံနက်အစောပိုင်းက နေအိမ်နှင့် ၁ မိုင်ခန့်အကွာရှိ တောစပ်၌ အင်ဖက်ရွက်သွားရောက်၍ ကောက်ယူနေခဲ့ပြီး နေအိမ်သို့ပြန်လည်ရောက်ရှိစဥ် သမီးဖြစ်သူအား ဒဏ်ရာဖြင့်သေဆုံးနေသည်ကိုတွေ့ခဲ့ရကြောင်း ပြောကြားခဲ့ပြီး သက်ဆိုင်ရာနယ်မြေမှ အမှုဖွင့်လှစ်၍ တိုင်း ၊ ခရိုင် ၊ မြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူအကြီးအကဲများ၏ လုပ်ငန်းလမ်းညွန်မှုအားခံယူ၍ အမှုဖြစ်စဥ်အား စုံစမ်း စစ်ဆေးဖော်ထုတ်ခဲ့ရာ သေဆုံးသူနေအိမ်နှင့် ကျောချင်းကပ်၌ နေထိုင်သူ အိမ်နီးချင်းဖြစ်သူ စည်သူနိုင် (ခ)မှဲ့ကြီးသည် ၎င်းဝတ်ဆင်ထားသော ပုဆိုးအား ယခင်က ကိုယ်တိုင်လျှော်ဖွပ်ခြင်းမရှိပဲ မိခင်ဖြစ်သူကသာအမြဲလျှော်ဖွပ်လေ့ရှိပြီး ယခုအခါသူကိုယ်တိုင် ပုဆိုးတထည်အား အကြိမ်ကြိမ်လျှော်ဖွပ်နေကြောင်းသတင်းအရ ဖမ်းဆီးစစ်မေးခဲ့ရာတွင် စည်သူနိုင်မှ သေဆုံးသူ မ……အား ၎င်းနှင့်အတူ တစ်ရွာတည်းနေသူ သိန်းထိုက်အောင် (ခ)သားပုတို့မှ အတင်းအဓမ္မ သားမယားပြုကျင့်၍ နေအိမ်တွင်တွေ့ရသော နိုင်လွန်ကြိုးဖြင့်ဖြင့် လည်ပင်းအားရစ်ပတ်၍ စည်သူ မှ ဓားမဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆို စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ တရားခံနှစ်ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂ ဖြင့် တောင်ငူခရိုင်တရားရုံးသို့ တရားစွဲတင်ခဲ့ရာ စစ်ဆေးပေါ်ပေါက်ချက်များအရ တောင်ငူခရိုင် တရားသူကြီးရုံးမှ မေလ ၂၂ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ တရားခံများအား မသေမချင်းကြိုးကွင်းစွပ်၍ သတ်စေရန် အမိန့်ချမှတ်ခဲ့သည် ။

မင်းမနိုင်(စစ်တောင်း)
Telegram»…
https://t.me/positiveanglenews