(ပြည်တွင်း) မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့အား အကြမ်းဖက် PDF အဖွဲ့မှ ယမန်နေ့နံနက်ပိုင်းကစပြီး အင်အားအလုံးရင်းဖြင့် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

နွားထိုးကြီးမြို့ပေါ်နှင့် ပတ်ဝန်းကျင်အား အကြမ်းဖက် PDF အင်အား ၁၀၀၀ ခန့်မှ လာရောက်ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ထန်းဇင် (မြောက်)ကျေးရွာအနီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းနေရာအခြေပြု လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးပူးပေါင်းအဖွဲ့အားလည်းကောင်း၊ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ဝက်လူးရွာ(အနောက်)ကျေးရွာရှိ ဝက်လူးနယ်မြေရဲစခန်းအခြေပြု လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးပူးပေါင်းအဖွဲ့အားလည်းကောင်း အကြမ်းဖက် PDF အဖွဲ့များမှ တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

အလားတူ ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် တောင်သာမြို့နယ်၊ ထနောင်းကုန်းကျေးရွာအခြေပြု ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်များအား အကြမ်းဖက် PDF အဖွဲ့က ကျေးရွာ၏အနောက်ဘက်ခြမ်း နှင့် တောင်ဘက်ခြမ်းတို့မှ ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
အလားတူ ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာအနီးအခြေပြု လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များ ပါဝင်သော လုံခြုံရေးပူးပေါင်းအဖွဲ့အား အကြမ်းဖက် PDF အင်အား ၅၀ ဦးခန့်မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သည့်အတွက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
ထို့ပြင် ယနေ့နံနက် ၅ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF များမှ ငါန်းဇွန်မြို့ပေါ်ရှိ လုံခြုံရေးအခြေပြုရာ နေရာများအား Drone ဖြင့် Drop ဗုံးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဗုံး ၁ လုံးမှာ ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီခြံဝင်းအတွင်းရှိ ဘန်ကာအနီးကျရောက်ပေါက်ကွဲခဲ့ပြီး လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် ကျန် ဗုံး ၅ လုံးမှာ ပေါက်ကွဲမှုမရှိကြောင်းသိရပြီး၊ အကြမ်းဖက် PDF များနောက်သို့ လုံခြုံရေးအဖွဲ့များမှ လိုက်လံရှင်းလင်းလျက်ရှိတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews