(ပြည်တွင်း) မေ ၉

ကော့ကရိတ်မြို့နယ် ရေပူကြီးကျေးရွာအုပ်စု၊ လှိုင်ကွယ်ကျေးရွာက လှိုင်ကွယ်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘုရား ဦးသုဇာတဟာ ကရင်လက်နက်ကိုင် KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေပစ်ခတ်လိုက်တဲ့ ကျည်ထိကာ ဘဝနတ်ထံပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေမရှိတော့တဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရေပူကြီးကျေးရွာအုပ်စုထဲကို မေလ ၉ ရက်နေ့ နေလည်ပိုင်းက ကရင်လက်နက်ကိုင် KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ကော့ကရိတ်မြို့နယ် ရေပူကြီးကျေးရွာအုပ်စု ၊ လိူင်ကွယ်ကျေးရွာဟာ အကြမ်းဖက်သောင်းကျန်းသူတွေ ဖြတ်သန်းသွားလာရာ ခေတ္တ အခြေပြုနားခိုရာလမ်းကြောင်းပေါ်မှာ တည်ရှိနေတာ ဖြစ်တယ်လို့ သိရပြီး လှိုင်ကွယ်ကျောင်းတိုက်ဆရာတော်ကို KNU လက်အောက်ခံ ဘယ်အဖွဲ့တွေ ပစ်ခတ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ သတင်းအရင်းအမြစ်တွေကဆိုပါတယ်။
သတင်းအရင်းအမြစ်တွေရဲ့အဆိုအရ လှိုင်ကွယ်ကျောင်းတိုက်ဆရာတော်ကို သောင်းကျန်းသူတွေက စနိုက်ဘာနဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာလည်း ၂၃၁ တပ်နောက်ကျောဘက် လှိုင်ကျောက်ခဲနေရာကို အကြမ်းဖက်သောင်းကျန်းသူတွေ ရောက်ရှိအခြေပြုနေတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews