ဗန်းမော်မှာ AA နဲ့ PDF ၃၀ ကျော်အလံဖြူထောင်ပြီး အလင်းဝင်

(ပြည်တွင်း) မေ ၈

တပ်မတော်က တတိယအကြိမ်ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲလိုက်ပြီးတဲ့နောက် ဗန်းမော်မြို့ကိုတိုက်နေတဲ့ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူတွေထဲက ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ PDF အကြမ်းဖက်အဖွဲ့ဝင် ၃၀ ကျော်အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

ဒီနေ့ မေလ ၈ ရက်နေ့မနက် ၇ နာရီခွဲအချိန်ခန့်မှာတော့ AA နဲ့ PDF အဖွဲ့ဝင် ၃၀ ကျော်ဟာ အလံဖြူတွေထောင်ပြီး ဗန်းမော်မြို့က ကံဦးဘုန်းကြီးကျောင်းမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေဆီကို လာရောက်အလင်းဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ကချင်လက်နက်ကိုင်အကြမ်းဖက် ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစလို့ ကချင်ပြည်နယ် ဗန်းမော်မြို့ကို အဓမ္မနယ်မြေကျူးကျော် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ၆ လ ကျော်ရှိလာပါပြီ။

သောင်းကျန်းသူတွေရဲ့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကာလအတွင်း မြို့လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဒရုန်းတိုက်ခိုက်မှုအပါအဝင် လေကြောင်းနဲ့ မြေပြင်ရှင်းလင်းမှုတွေကြောင့် သောင်းကျန်းအများအပြားအထိအခိုက်အကျအဆုံးရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။