(ပြည်တွင်း) မေ ၇
ဂစ္ဆဂိရိတောင် (ခေါ်) ဇင်းကျိုက်တောင်သည် မွန်ပြည်နယ် ပေါင်မြို့နယ်တွင်တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်နှင့်အထက် ပေပေါင်း ၃၀၂၂ ရှိကာ ယင်းထက်တွင်တည်ထားသော ဆကေသမဟာဓာတုဝင် ရွှေဇင်းကျိုက်ဆံတော်ရှင်အား မိုးကြိုးခခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ပြောဆိုချက် ယနေ့ မေလ ၇ ရက်နေ့မွန်းလွဲပိုင်းက မိုးကြိုးခခဲ့ခြင်းဖြစ်ပြီး ဆံတော်ရှင် ဇင်းကျိုက်စေတီတော်မြတ်ကြီး၏ စေတီတော်မြတ်ကြီး၏ အရှေ့တောင်ထောင့် (အင်္ဂါထောင့်) ပစ္စယာခုံကို ထိမှန်ခဲ့ခြင်းကာ အရှေ့တောင်ထောင့် (အင်္ဂါထောင့်) မှာ မကြာခဏ မိုးကြိုးခလေ့ရှိကြောင်းလည်းသိရသည်။

ယနေ့ မွန်းလွဲ (၁) နာရီခန့်က အဆိုပါတောင်ထိပ်ရှိစေတီတော်မနီးတစ်ဝိုက်တွင် မိုးတိမ်များအုပ်မိုးလာကာ၊ မိုးရွာသွန်းမှုမရှိဘဲ မိုးခြိမ်းသံနှင့်အတူ မိုးကြိုးခြောက်ချက်ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

“ဇင်းကျိုက်တောင်တော်က နတ်ကြီးတယ်ဗျ။ အမှားမခံဘူး။ တခုခုမှားလို့နေမယ်” လို့ ဒေသခံတစ်ဦးမှပြောသည်။

မိုးကြိုးထိမှန်သည့်နေရာတွင် အုတ်သားများပျက်ဆီးမှုတချို့ရှိခဲ့ပြီး မိုးကြိုးပစ်ပြီးနောက် မိုးတိမ်များ ပြန်လည်ကင်းစင်သွားပြီး ရာသီဥတုပြန်လည်း ကြည်လင်သွားကြောင်း သိရသည်။
Photo – Uagmin Ng
#PAN