မန္တလေး တံတားဦး လေဆိပ်တွင် MNA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ဘီးပေါက်ကာ မီးလောင်မှု ဖြစ်

(မှုခင်း) မေ ၇

မန္တလေးမြို့ရှိ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အတက်တွင် MNA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ဘီးပေါက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မေလ ၆ ရက် ညနေပိုင်း ၆ နာရီခွဲ အချိန်ခန့်က မန္တလေး မှ ရန်ကုန်သို့ ပျံသန်းမည့် MNA လေကြောင်းလိုင်းမှ လေယာဉ်သည် ပြေးလမ်းမှ အတက်တွင် ဘီးပေါက်ကာ မီးလောင်ခဲ့ခြင်း ဖြစ်ပြီး ခရီးသည်များ ဘေးကင်းကြောင်းလည်း သိရသည်။