သထုံမှ မိုးကောင်းတံတား ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီးခံရသဖြင့် ယာဥ်ကြောပြတ်တောက်ခဲ့ရ

(မှုခင်း) မေ ၄

မွန်ပြည်နယ်၊သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအတွင်းမှ ရန်ကုန် မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတားကို အကြမ်းဖက်သောင်းကျန်းသူ KNU/PDFအဖွဲ့မှ မိုင်းခွဲဖျက်ဆီးသွားကြောင်း သိရသည်။

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၏ အနောက်မြောက်ဘက် (၂)မိုင် (၅)ဖာလုံခန့်တွင်ရှိသော တံတားအရှည် (၂၀)ပေ၊ အကျယ်(၂၀)ပေရှိ မိုးကောင်းတံတားကို အကြမ်းဖက်သောင်းကျန်းသူများမှ မေလ ၆ ရက်နေ့ ည ၁၁ နာရီချိန်ခန့် တွင်မိုင်းခွဲဖျက်ဆီးသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တံတားကျိုးပဲပြိုပျက်သွားကာ ကားကြီးများသွားလာမရတော့ကြောင်း၊ကားလေးများလည်း ရွာထဲမှကွင်းကာ ဖော်ဖဘက်မှပြန်ထွက်သွားလာနေရကြောင်း သိရပါသည်။

သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် (၁၃၅/၇)နှင့် (၁၃၆/၀)အကြားရှိ RC ကွန်ကရစ် (၁၀)ပေ နှစ်ခုတွဲ တံတားအမှတ်(၄/၁၃၆) မိုးကောင်းတံတားအား KNU/အကြမ်းဖက် PDF များမှ မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် တံတားမှာ (၁၀၀)ရာခိုင်နှုန်း ပြိုကျ ပျက်စီးခဲ့ပြီး ယာဉ်များသွားလာ၍ မရကြောင်း သိရသည်။

အဆိုပါမိုးကောင်းတံတားအား ၂၀၂၄ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် KNU အကြမ်းဖက်သောင်းကျန်းသူများမှ ပထမအကြိမ် မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သော တံတာယတစ်စင်းဖြစ်ကြောင်း သိရသည်။

#PAN