(ပြည်တွင်း) မေ ၃

မကွေးတိုင်းဝန်တိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင့် ဇနီး ဒေါ်ဝင်းဝင်းမြင့် မိသားစုတို့မှ ငလျင်လှုပ်ခတ်မှကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး ငလျင်ဒဏ်ခံစားခဲ့ရ သည့် စစ်ကိုင်တောင်ရိုးရှိ သံဃတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်ဝေယျာဝစ္စ အဆင်ပြေစေရေးအတွက် လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဝန်တိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင့် ဇနီး ဒေါ်ဝင်းဝင်းမြင့် မိသားစုတို့မှ ငလျင်လှုပ်ခတ်မှကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး ငလျင်ဒဏ်ခံစားခဲ့ရ သည့် စစ်ကိုင်တောင်ရိုးရှိ သံဃတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်ဝေယျာဝစ္စ အဆင်ပြေစေရေးအတွက် ယနေ့ရက် မေလ ၃ ရက်နေ့တွင် ဇမ္ဗူထိန်ဝင်ချောင်၊ ခါတော်မကျောင်းတိုက်တွင် သီတင်းသုံနေထိုင်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများ အပါဝင် သီလရှင်ကျောင်း ၉၄ ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်းတို့မှ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအတွက် ဆန်အိတ် (၁၀၀)၊ ဆီ(၅၀၀)ပိဿာ၊ ကြက်သွန်နီ(၁၅၀၀)ပိဿာနှင့် ငငြုပ်သီးခြောက် (၅၀၀)ပိဿာ၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၂၃၉)သိန်းကျော်ကို ဒုတိယ အကြိမ်အဖြစ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၇ ရက်နေ့တွင်လည်း ငွေကျပ်(၁၅၂)သိန်းကျော်တန်ဘိုးရှိ ဆီ(၆၈၀)ပိဿာ၊ ကြက်သွန်နီ(၃၀၀၀)ပိဿာနှင့် ငငြုပ်သီးခြောက်(၃၉၀)ပိဿာကို ပထမ အကြိမ်အဖြစ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။




Telegram»…
https://t.me/positiveanglenews