(နိုင်ငံတကာ) မေ ၁

ယခုနှစ်၏ ပထမသုံးလပတ်ကာလအတွင်း အမေရိကန်နိုင်ငံ၏စီးပွားရေး ကျုံ့သွားသော်လည်း လက်ရှိ အခြေအနေကို သည်းခံစောင့်ဆိုင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကပြောထားသည်။
စည်းကြပ်အခွန်များ တိုးမြှင့်သတ်မှတ်သည့်မူဝါဒသည် မကြာမီအသက်ဝင်လာတော့မည်ဖြစ်ကြောင်း၊ ပြည်ပရှိ အမေရိကန်ကုမ္ပဏီ များသည် ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာတော့မည်ဖြစ်သည့်အတွက် စီးပွားရေးတိုးတက်လာမည်ဖြစ် ကြောင်း ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်တွင်ရေးထားသည်။
အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနက ဧပြီလ ၃၀ ရက်တွင်ထုတ်ပြန်သော ပထမသုံးလပတ်အတွက် ဂျီဒီပီကြိုတင်ခန့်မှန်းချက်တွင် နိုင်ငံ၏ဂျီဒီပီသည် သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းလာကြောင်း ဖော်ပြထားသည်။
ဒေါ်နယ်ထရမ့် သည် ကမ္ဘာ့နိုင်ငံများအားလုံးအပေါ် စည်းကြပ်အခွန်မူဝါဒအသစ်များ ချမှတ်ခဲ့ရာ ထိုမူဝါဒများကြောင့် ငွေကြေးဈေးကွက်အပေါ် လှုပ်ခတ်မှုများ ရှိခဲ့ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews