(နိုင်ငံတကာ) မေ ၁

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကတ်ရှ်မီးယားဒေ၌ ဧပြီလ ၂၂ ရက်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက် မှုတစ်ရပ်ကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား တင်းမာမှုမြင့်တက်လာ ချိန်တွင် အိန္ဒိယနိုင်ငံအတွင်း နေထိုင်သည့် ပါကစ္စတန်နိုင်ငံသားများသည် နယ်စပ်ပေါက်များဆီသို့ ဦးတည်ထွက်ခွာနေကြောင်း ယနေ့သတင်းများတွင် ဖော်ပြထားသည်။
ဧပြီလ ၂၂ ရက်က အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနိုင်ငံအတွင်းရောက်ရှိနေသည့် ပါကစ္စတန်နိုင်ငံသားအားလုံး ပြန်လည်ထွက်ခွာရန် အိန္ဒိယအစိုးရက ညွှန်ကြားထားသည်။
ပါကစ္စတန်နိုင်ငံသားများအနေဖြင့် ဧပြီလ ၂၇ ရက်နောက်ဆုံးထား၍ အိန္ဒိယနိုင်ငံမှထွက်ခွာပေးရမည် ဖြစ်သော်လည်း ပါကစ္စတန်နိုင်ငံသားအများအပြားမှာ နယ်စပ် ဝင်ပေါက်များဆီသို့ ဆက်လက်ထွက်ခွာနေကြဆဲ ဖြစ်သည်။
အဆိုပါ ပါကစ္စတန်နိုင်ငံသားများသည် အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်၊ အက်တာရီမြို့ နယ်စပ်မှ တစ်ဆင့် ပါကစ္စတန်နိုင်ငံဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက် ကြမည်ဖြစ်သည်။
ဂျမူးနှင့် ကတ်ရှ်မီးယားဒေသ ပါဟယ်ဂမ်မြို့အနီး ဧပြီလ ၂၂ ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း စစ်သွေးကြွများအဖြစ် ယူဆရသူများ၏ လက်ချက်ကြောင့် အမျိုးသား ၂၆ ဦးသေဆုံး၍ ၁၇ ဦး ဒဏ်ရာများရရှိခဲ့သည်။
၎င်းအကြမ်းဖက်တိုက်ခိုက်မှုတွင် ပါကစ္စတန်အကြမ်းဖက်သမားများပါဝင်နေကြောင်း အိန္ဒိယအစိုးရက ကြေညာထားပြီး ပါကစ္စတန်နိုင်ငံအပေါ် သံတမန်ရေးအရ အရေးယူမှုများပြုလုပ်ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားစွာ တင်းမာခဲ့ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews