(နိုင်ငံတကာ) ဧပြီ ၂၉

ရုရှားသမ္မတ ဗလာဒီမာပူတင် က နှစ် (၈၀) ပြည့်မဟာအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ယူကရိန်းနိုင်ငံနှင့် သုံးရက်ကြာအပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်း ဧပြီလ ၂၈ ရက်တွင်ထုတ်ပြန်သည်။
အဆိုပါ အပစ်အခတ်ရပ်စဲ ခြင်းကို မေလ ၇ ရက် ညသန်းခေါင်ယံအချိန်မှ မေလ ၁၀ ရက် ညသန်းခေါင်ယံအချိန်အထိ အချိန်သတ်မှတ်ထား ကြောင်း ရုရှားသမ္မတရုံးက ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ အပစ်အခတ်ရပ်စဲထားစဉ်ကာလအတွင်း တိုက်ခိုက်မှု ဆိုင်ရာစစ်ဆင်ရေးများအားလုံးကို ရပ်တန့်သွားမည်ဖြစ်ပြီး ယူကရိန်းအနေဖြင့်လည်း ယင်းနည်းလမ်း အတိုင်း လိုက်နာကျင့်သုံးသွားမည်ဟု ရုရှားဘက်ကယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင် ယူကရိန်းစစ်ဘက်က ယခုချမှတ်ထားသည့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်လာလျှင် ရုရှား တပ်မတော်က ထိထိရောက်ရောက် လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်းနှင့် ရုရှားအစိုးရသည် ကြိုတင်သတ်မှတ် ချက်များမပါသော ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အသင့်ရှိကြောင်းထုတ်ပြန်ထားသည်ဟု Sputnik သတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews