(မိုး/ဇလ) ဧပြီ ၂၉

အနောက်တောင်မုတ်သုံလေဟာ လာမယ့်မေလ ၁၆ ရက်ကစပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကနေ စတင်ဝင်ရောက်နိုင်တယ်လို့ ဧပြီလ ၂၈ ရက်မှာ ထုတ်ပြန်တဲ့ မေလအတွက် မိုးလေဝသနှင့်ဇလဗေဒကထုတ်ပြန် ထားပါတယ်။
မေလ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေ၊ မေလ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ မေလ ၂၆ ရက်ကနေ ၃၁ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို အနောက်တောင် မုတ်သုံလေ အသီးသီး ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။
ဒါ့အပြင် လာမယ့်မေလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင် ပြည်နယ်တို့မှာ ၁၅ ရက်ကနေ ၂၁ ရက်ခန့်အထိ မိုးထစ်ချုန်းရွာနိုင်ပါတယ်။
အဲဒီအပြင် နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် တွေမှာ မေလ ၈ ရက်မှ ၁၄ ရက်ခန့်အထိ မိုးထစ်ချုန် ရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Telegram»…
https://t.me/positiveanglenews