(ပြည်တွင်း) ဧပြီ ၂၉

မတ်လ ၂၈ ရက် က လှုပ်ခတ်ခဲ့သည့် အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် သေဆုံး ပျံလွန်တော်မူခဲ့သည့် ရဟန်း၊ ရှင်၊ လူပြည်သူများအားရည်စူး၍ တစ်လပြည့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ဧပြီလ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပခဲ့ပါတယ်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်၏ ပဓာနနာယကဆရာတော်၊ တပ်ကုန်းမြို့၊ နိုင်ငံတော်သြဝါဒါစရိယ၊ မဟာသီဟနာဓ ကျောင်းတိုက်ဆရာတော်ကြီးအားအမှူးပြု၍ ဆရာတော်၊ သံဃာတော်များကြွရောက်ချီးမြှင့်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌနှင့်ဇနီး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက မဟာသီဟနာဓကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များ ကအန္တရာယ်ကင်း မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားခဲ့ကြပါတယ်။
အဲဒီနောက် ပေါက်မြိုင်ကျောင်းတိုက်ဆရာတော်ကြီးထံ နစကဥက္ကဋ္ဌနှင့်ဇနီး၊ နစကဒု-ဥက္ကဋ္ဌ နှင့်ဇနီး၊ တာဝန်ရှိသူများမှလည်း ကြွရောက်တော်မူလာကြတဲ့ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်း များကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ ကာ မန္တလေးငလျင်ကြီးဒဏ်ကြောင့် သေဆုံးပျံလွန်တော်မူခဲ့တဲ့ ရဟန်း၊ ရှင်၊ လူပြည်သူများအားရည်စူး၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews