(ကျန်းမာရေး) ဧပြီ ၂၆

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲတို၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြိုခုတင်(၅၀၀)ဆံ့အထွေထွေ ရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး များပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ဧပြီလ (၂၆)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြိုနယ်၊ ပျဥ်ပုံကြီးကျေးလက်ကျန်းမာရေးဌာနသိုသွားရောက်၍ ပဲခူးမြိုနယ်နှင့် ဒိုက်ဦးမြိုနယ်အတွင်းရှိ ရဟန်း၊ ရှင်၊ လူပြည်သူများအား ဆေးကုသမှုများကွင်းဆင်းဆောင်ရွက်ပေးကြသည်။

ဆေးကုသမှုများပြုလုပ်ပေးရာတွင် ပဲခူးမြိုခုတင် (၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော် (အထွေထွေ ရောဂါ)၊ သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ မျက်စိ၊ သွားစသည့်ဘာသာရပ်(၆)ခုမှ အထူးကုဆရာဝန်ကြီးများနှင့်ကျန်းမာရေးဝန်ထမ်းများက ကုသရေးဦးစီးဌာန၏ မူဝါဒများ၊ရည်မှန်းချက်များဖြစ်သည့် ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေလွှမ်းခြုံမှုတိုးတက်ရေး၊ ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေးမြင့်မားရေးနှင့်အညီ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းများတိုးချဲ့ကာ ကျေးလက်ဒေသအထိကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးကြခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါကွင်းဆင်ဆေးကုသမှုပြုလုပ်ရာသို ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းထွန်း၊ ပဲခူးမြိုခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ ဒုတိယဆေးရုံအုပ်ကြီးဒေါက်တာသန္တာဆွေ၊ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာမြတ်စိုး၊ ဘုရားကြီးမြိုအုပ်ချုပ်ရေးမှူးဦးဟိုင်းကြိုင်ကြိုင်တိုးတိုမှ လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။

ပဲခူးမြိုခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲသည် ပျဥ်ပုံကြီးကျေးလက်ကျန်းမာ ရေးဌာနသို ကွင်းဆင်းဆေးကုသမှုများပြုလုပ် ပေးရာတွင် ပဲခူးမြို့နယ်အတွင်းရှိ ဘုရားကလေးကျေးရွာအုပ်စု၊ ဝမ်းဘဲအင်းကျေးရွာအုပ်စု၊ ရွာသစ်ကိုင်းတာကျေးရွာအုပ်စုနှင့် ပျဥ်ပုံကြီးကျေးရွာအုပ်စု၊ ဒိုက်ဦးမြို့နယ် အတွင်းမှ ကျိုက်စကောကျေးရွာအုပ်စုနှင့် ဘုရားကြီးကွင်းကျေးရွာအုပ်စုတိုမှ ရဟန်း၊ရှင်၊လူ စုစုပေါင်း(၄၁၁)ဦးလာရောက်ပြသကြပြီး အဆိုပါလူနာများအထဲမှ သမားတော်(အထွေထွေရောဂါလူနာ)(၁၄၂)ဦး၊ သားဖွားမီးယပ်လူနာ(၄၇)ဦး၊ ကလေးလူနာ(၁၂)ဦး၊ အရိုးလူနာ(၁၀၆) ဦး၊ မျက်စိလူနာ(၆၉)ဦး၊ သွားနှင့် ခံတွင်း ရောဂါလူနာ(၃၅)ဦးတိုအား ဆေးကုသမှုပြုလုပ်ပေးနိုင်ခဲ့သည့်အပြင် သွားတုပြုလုပ်ရန်(၆)ဦးနှင့် မျက်စိအတွင်းတိမ် (၂)ဦးအား ပဲခူးဆေးရုံကြီးတွင်ဆက်လက်ကုသရန်၊ အခြားလူနာ(၅၄)ဦးအား ပဲခူးဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်ဆက်လက်ကုသနိုင်ရန်စီစဉ်မှာကြားဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။


Telegram»…
https://t.me/positiveanglenews