နီပေါနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများ ထပ်မံရောက်ရှိ


(ပြည်တွင်း) ဧပြီ ၁၁

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ နီပေါနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ စုစုပေါင်းပစ္စည်း တန်ချိန် ၂၅၄၄၅ ကီလိုဂရမ်တင်ဆောင်လာသော A-330 အမျိုးအစားလေယာဉ်သည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက်ရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E.Mr.Hari-shchandra Ghimire က လွှဲပြောင်းပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိဏ်း နှင့်တာ၀န်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN