နယူးယောက်တွင် ရဟတ်ယာဉ်ပျက်ကျပြီး ၆ ဦးသေဆုံး


(နိုင်ငံတကာ) ဧပြီ ၁၁

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Hudson မြစ်အတွင်းသို့ ဒေသစံတော်ချိန် ညနေ ၃ နာရီဝန်းကျင်တွင် ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လူ ၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

စပိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားမိသားစုကိုတင်ဆောင်လာသည့် အဆိုပါရဟတ်ယာဉ်သည် နယူးဂျာစီမြစ်ကမ်းရိုးတစ်လျှောက် ကြည့်ရှု့ရန် ဦးတည်မောင်းနှင်စဉ် ထိန်းချုပ်မှုကင်းမဲ့ခဲ့ပြီး မြစ်အတွင်းသို့ ဇောက်ထိုးအနေအထား ပျက်ကျခဲ့သည်။

ရဟတ်ယာဉ်ပျက်ကျကြောင်း သတင်းရရှိသည်နှင့် ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ကာ ချက်ချင်းကယ်တင်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း အာဏာပိုင်များကဆိုသည်။

သေဆုံးသူများထဲမှ ၅ ဦးသည် စပိန်ခရီးသွားမိသားစုဖြစ်ပြီး ကျန်တစ်ဦးမှာ ရဟတ်ယာဉ်မောင်းနှင်သူဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သေဆုံးသူမိသားစုများအတွက် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဆုတောင်းပေးခဲ့ပြီး အသေးစိတ်အချက်အလက်များ ဆက်လက်ထုတ်ပြန်သွားမည် ဟုဆိုသည်။

Telegram»…
https://t.me/positiveanglenews

PAN