(ပြည်တွင်း) ဧပြီ ၉

မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော တရုတ်နိုင်ငံမှ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့များသည် ၎င်းတို့ လုပ်ငန်းတာဝန်များပြီးဆုံးသဖြင့် တရုတ်နိုင်ငံ မှ Y-20 အမျိုးအစား လေယာဉ်လေးစီးဖြင့် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ယနေ့ နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြကြောင်း သိရသည်။
အဆိုပါအဖွဲ့တွင် China International Search and Rescue Team (CISAR) (Beijing) Chinese Blue Sky Search and Rescue && Hong Kong China Search and Rescue Team တို့ပါဝင်ပြီး မြန်မာနိုင်ငံသို့ အစောဆုံးနှင့် ပထမဆုံးရောက်ရှိ လာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များဖြစ်သည်။
အဆိုပါ အဖွဲ့များသည် နေပြည်တော် ကောင်စီနယ်မြေနှင့် မန္တလေးမြို့ တို့၌ အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဆေးကုသရေးလုပ်ငန်းများကို မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံလုပ်အားပေး ပြည်သူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။
တရုတ်နိုင်ငံရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များအနေဖြင့် နေပြည်တော်နှင့် မန္တလေးမြို့များ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လူသားချင်းစာနာထောက်ထားမှု စိတ်ထားဖြင့် နေ့/ညမပြတ် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အသက်ရှင်သူ ၄ ဦး၊ သေဆုံးသူ ၆၄ ဦးတို့ ကို ရှာဖွေထုတ်ယူပေးနိုင်ခဲ့ပြီး သက်ဆိုင်ရာမိသားစုများထံ အပ်နှံပေးနိုင်ခဲ့ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews