အမေရိကန်က တောင်ကိုရီးယားနှင့် တူရကီမှ ကြက်ဥများကို တင်သွင်းမည်


(နိုင်ငံတကာ) မတ်လ ၂၂

ကုန်ကျစရိတ်သက်သာရန် ထရမ့်အစိုးရက အမေရိကန်သို့ တောင်ကိုရီးယားနှင့် တူရကီမှ ကြက်ဥများကို တင်သွင်းမည်ဖြစ်ကြောင်းသိရသည်။

အမေရိကန်သည် စားသုံးသူများအတွက် တစ်ချိန်လုံး ဈေးနှုန်းမြင့်မားစွာ ဝယ်ယူနေရသောကြောင့် ရေတိုဖြေရှင်းရန် ကြက်ဥသန်းပေါင်းများစွာကို တင်သွင်းရန် ဆွေးနွေးနေကြောင်း စိုက်ပျိုးရေးဝန်ကြီးကဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရွေးကောက်ပွဲကာလတွင် ကုန်ဈေးနှုန်းမြင့်မားမှု လျှော့ချမည်ဖြစ်ကြောင်း ကတိပေးခဲ့သော်လည်း ကုန်ဈေးနှုန်းများ ဆက်လက်မြင့်မားနေဆဲဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN