(မှုခင်း) မတ် လ ၂၂

မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၇ လမ်း၊ ၆၂×၆၃ လမ်းကြားရှိ 76 အားကစားပစ္စည်းဆိုင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ည ၈ နာရီ ၅၀ မိနစ်အချိန်ခန့်က ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ မအေးအေးငြိမ်း ၊၃၃ နှစ်၊ (ဘ)ဦးကျော်ညွန့်၊ ဈေးရောင်းလုပ်ကိုင်သူပိုင်ဆိုင်သော အလျား ၁၅ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၃၆ ပေရှိသော RC ၃ ထပ်တိုက်တွင်ဖွင့်လှစ်ထားသော 76 အားကစားပစ္စည်းဆိုင်တွင် မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဥ်မှာ 76 အားကစားပစ္စည်းဆိုင် ပစ္စည်းထားရှိသော တတိယထပ် ဘုရားစင်တွင် ဘုရားမီးပူဇော်ထားရာမှ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ၄၅ သိန်းကျပ်ခန့်ဆုံးရှုံးခဲ့ကြောင်း၊ မီးပေါ့ဆစွာ သုံးစွဲသူ ဦးလေးညွန့်၊ ၆၀ နှစ်၊ (ဘ)ဦးချမ်းငြိမ်း၊ ဆိုင်တာဝန်ခံအား အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews