၆ နှစ်နီးပါး ကျောင်းသား ကျောင်းသူတွေကို လိင်လိင်အကြမ်းဖက်မှုကျူးလန်သူကို ဖမ်းဆီးရမိ


(မှုခင်း) မတ်လ ၂၀

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အင်တကော်မြို့ ရပ်ကွက်ကြီး(၅) နိုင်သာယာကျေးရွာ အခြေခံပညာအလယ်တန်ကျောင်း(ခွဲ)တွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများကို လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့သူတစ်ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

နိုင်သာယာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူအချို့ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ခဲ့ပြီး တိမ်းရှောင်နေသော လက်ထောက်မူလတန်းပြဆရာ ဦးအောင်သူဝင်းကို ဘုရားငုတ္တိုကျေးရွာအုပ်စု၊ အရှေ့ကုန်းရွာရှိ ၎င်းမိဘများ ပိုင်ဆိုင်သည့် ဥယျာဉ်ခြံတွင် မတ်လ ၁၈ ရက် ည ၇ နာရီကျော်က ဖမ်းမိခဲ့ကြောင်း သိရသည်။

လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့သူ ဦးအောင်သူဝင်းမှာ နိုင်သာယာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းဆရာအဖြစ် ၈ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းကျောင်းမှ ကျောင်းသားကျောင်းသူများအပေါ် လိင်အမြတ်ထုတ်သည်မှာ ၅ နှစ် ၆ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောင်းဆရာ ဦးအောင်သူဝင်းမှာ ပညာသင်ကြားနေသောခလေးငယ်တို့အားကျောင်းဖွင့်ရက်နေ့စဥ် ညနေစာသင်ချိန် ကျောင်းဆင်းချိန် ပြီးသည့်အခါ တချို့သောခလေးငယ်တို့အား ထိုကျောင်းဆရာမှ သူနေသည့်အခန်းသို့ခေါ်ကာ ခလေးငယ်တို့အား ချိန်းခြောက်ပြီး မဟုတ်တန်ရာများကိုပြုလုပ်စေကာ လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကိစ္စအား ကျောင်းသားမိဘများမှ လုံးဝမသိရှိခဲ့ကြပဲ နေ့စဥ်လိင်အကြမ်းဖက်မှု ချိန်းခြောက်မှုတွေကို မခံနိုင်တော့သည့် ကျောင်းသားကြီးတွေက မိဘတွေကိုအသိပေးပြောကြားဖို့ ကျောင်းသားအချင်းချင်းတိုင်းပင်ရာမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ တွင် ထုတ်ဖော်ပြောဆိုခဲ့ကြသည့်အတွက် ကျောင်းသားမိဘများသိရှိခဲ့ရာမှ အရေးယူပေးရန် တိုင်ကြားခဲ့သည့်အထိ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“ကျောင်းသားမိဘတွေနဲ့ ကျောင်းအုပ်ဆရာမကြီးတို့ အဲ့ဒီ ကျောင်းဆရာရဲ့ လိင်အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အချေအတင်စကားများခဲ့ကြသေးတယ်။ အဲဒီ ဆရာ ဦးအောင်သူဝင်းက လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်ခန့်ထဲက အခုလို လိင်အကြမ်းဖက်မှုကိုပြုလုပ်နေတာလို့ အရင်က ကျောင်းသားကြီးတွေကလည်း ပြောတယ်” ဟု ယင်းဒေသခံမှ ပြောသည်။

ဒါကြောင့် နောင်လာမည့်ကျောင်းသားငယ်တွေအတွက် ထိုဖြစ်စဥ်မျိုးဖြစ်မှာကို အလွန်ဆိုးရိမ်ခဲ့ကြသည့်အတွက် လိင်အကြမ်းဖက်မှုကိုကျူးလွန်နေသော ထိုကျောင်းဆရာ ဦးအောင်သူဝင်း အား တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ကျောင်းသား မိဘများမှ သက်ဆိုင်ရာကို တိုင်တန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN