(နိုင်ငံတကာ) မတ် ၁၆
နှစ်ပေါင်းများစွာ မြန်မာလူထုကိုမီဒီယာအဆိပ်ခတ်ခဲ့တဲ့ ပြည်ပသတင်းဌာနတွေဖြစ်တဲ့ VOA နဲ့ RFA သတင်းဌာနတွေကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အမိန့်နဲ့ ဖျက်သိမ်းခံလိုက်ရပြီဖြစ်ပါတယ်။

VOA နဲ့ RFA တို့ရဲ့ (Umbrella)အေဂျင်စီအဖွဲ့ကြီးဖြစ်တဲ့ USAGM (United States Agency for Global Media) ကို (တခြားအေဂျင်စီအချို့နဲ့အတူ) အမေရိကန်ဖက်ဒရယ်ဗြုရိုကရေစီအုပ်ချုပ်ရေးရဲ့မလိုအပ်တဲ့ကဏ္ဏ/အဖွဲ့အစည်းတွေ အဖြစ်သတ်မှတ်ပြီး ဖျက်သိမ်းတယ် အမေရိကန်သမတအိမ်ဖြူတော်က ၁၄ မတ်လ ၂၀၂၅ နေ့စွဲနဲ့ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။
USAGM ရဲ့အထူးအကြံပေး Kari Lake က သမတ Trump ရဲ့ညွှန်ကြားချက်အတိုင်း USAGM ကိုဖျက်သိမ်းရေးလိုက်နာအကောင်အထည်ဖေါ်သွားမယ်လို့ကြေငြာချက်ထုတ်ပြန်ထားပါတယ်။
USAGM အောက်မှာ VOA, Office of Cuba Broadcasting, Radio Free Europe/Radio Liberty, Radio Free Asia, Middle East Broadcasting Networks နဲ့ Open Technology Fund စတဲ့အဖွဲ့အစည်းတွေပါတယ်။
USAGM လက်အောက်အဖွဲ့အစည်းတွေထဲမှာ စပိုင်တွေ အကြမ်းဖက်အဖွဲ့အစည်းလိုလားသူ/ထောက်ခံသူတွေအများအပြားသပ်သျှိုဝင်ရောက်နေတာမို့”(နိုင်ငံတော်) လုံခြုံရေးကျိုးပေါက်မှုကြီးဖြစ်နေတယ်လို့ Kari Lake ပြောတဲ့အဓိကအချက်တွေထဲမှာပါဝင်ပါတယ်။
သတင်းအမည်ခံပြီး အမေရိကန်ဆန့်ကျင်ဘက်နဲ့ပြည်ပကအသံတွေကိုဘဲကြက်တူရွေးနှုတ်တိုက်ရွတ်ပြနေတာတွေရှိနေတယ် အလွဲသုံးခြစားမှုတွေလဲအများကြီးပဲ့ ဒါကြောင့် USAGM ဟာအဖတ်ဆယ်လို့မရတော့ဘူးလို့ သုံးသပ်သူတွေက ပြောပါတယ်။
သမတ Trump ဟာ “တနိုင်ငံလုံးအတိုင်းအတာနဲ့ဖက်ဒရယ်အုပ်ချုပ်ရေးယန္တရားလျှော့ချရေးလုပ်ငန်းစဉ်”ကိုဆက်လက်လုပ်ဆောင်နေပြီး အခု USAGM အပါအဝင် တခြားအစိုးရအေဂျင်စီအဖွဲ့ ၆ခုကိုအသုံးမကျတဲ့အစိတ်အပိုင်းတွေအဖြစ်သတ်မှတ်ပြီး eliminate ဖယ်ရှားမိန့်ထုတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
တချို့တွေထင်နေကြသလို USAGM/VOA မှာ “လူလျော့ချဘို့/ဘတ်ဂျက်လျော့ချဘို”လောက်ဘဲရည်ရွယ်တာမဟုတ်ဘူး “USAGM ဟာအဖတ်ဆည်လို့မရတော့ဘူး”လို့ အထူးအကြံပေး Kari Lake ကပြောထားခဲ့တာဖြစ်ပါတယ်။
သမ္မတအမိန့်မှာပါတဲ့”အေဂျင်စီမှာအနည်းဆုံးလိုအပ်တဲ့လူဘဲချန်ရမယ်”ဆိုတာကလဲ လုပ်ငန်းအပြီးသတ်ဘို့/လူ/ငွေကြေးလက်ကျန်ရှင်းတမ်းတွေစာရင်းပြုစုဘို့လိုတဲ့လူအရည်အတွက်ကိုဘဲထားဘို့ဆိုလိုတာလို့ လေ့လာသုံးသပ်သူတစ်ဦးပြောဆိုထားပါတယ်။
RFA နဲ့ VOA က ၇ ရက်အတွင်းစာရင်းပြုစုပြီးဗဟိုအစိုးရစီမံအုပ်ချုပ်ရေးရုံး OMB ကိုတင်ပြရမှာဖြစ်ပြီး လောလောဆယ်တော့ဝန်ထမ်းအားလုံးကို(ယာယီ)လစာအပြည့်နဲ့ခွင့်ပေးထားလိုက်ပြီလို့လည်း ဆိုပါတယ်။
“VOA အစီအစဉ်တွေခေတ္တရပ်နားထားပြီးမကြာခင်ပြန်လည်တင်ဆက်ပါမယ်”လို့ဆိုတဲ့ VOA မြန်မာပိုင်းရဲ့ကြေငြာချက်ဟာ”လက်တွေ့အခြေအနေကိုထင်ဟတ်ပါရဲ့လားတော့”မေးစရာဖြစ်နေတယ်လို့ လေ့လာသုံးသပ်သူ ဦးသန်းလွင်ထွန်းက သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားပြောဆိုထားပါတယ်။