(ပြည်တွင်း) မတ်လ ၁၅

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကြီးမှူး၍ဖွင့်လှစ်သော အဋ္ဌမအကြိမ်မြောက် နွေရာသီအင်္ဂလိပ်စာ (4 Skills) Pre-Intermediate Level သင်တန်းဖွင့်ပွဲ အခမ်းအနားအား မတ်လ (၁၅) ရက်နေ့နံနက်ပိုင်းက နေပြည်တော်ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ အသင်း၏ဒုတိယဥက္ကဋ္ဌ(၂)ဦး၊ အတွင်းရေးမှူးနှင့် CECများ၊ ဥတ္တရသီရိမြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက် ခဲ့ကြပြီး သင်တန်းဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)၏ ဒုတိယဥက္ကဋ္ဌဒေါ်စုညွန့်ဦးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် အတွင်းရေးမှူးဒေါ်မေမြင့်မောင်မှ သင်တန်းစည်းကမ်းများနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ အစီစဥ်များအရ ဥတ္တရသီမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်အုန်းဆန်းမှ အမှာစကားပြောကြားကာ သင်တန်းနည်းပြဆရာဦးမင်းစိုးသူရမှနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအား တက်ရောက်လာသော တာဝန်ရှိသူများနှင့် ကျောင်းသား/သူများ အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ပြီး သင်တန်းဆရာမှ သင်ကြားရေးဆိုင်ရာ သင်ခန်းစာများအား စာတွေ့/လက်တွေ့သင်ကြားပို့ချခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးစနစ်တကျဖွဲ့စည်း လှုပ်ရှားလျှက်ရှိပြီး အမျိုးသမီးများနှင့်ကလေးသူငယ်များဆိုင်သော လူမူပရဟိတလုပ်ငန်းများ ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကူညီ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်လုပ်ငန်းများ ၊ ဘာသာရေးနှင့်ပညာရေးဆိုင်ရာကိစ္စရပ်များအား လှူဒါန်း ထောက်ပံ့ခြင်း နှင့် လူမူဘဝအကျိုးပြုပရဟိတလုပ်ငန်းများ အား စဥ်ဆတ်မပြတ် နေ့စဥ်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)




Telegram»…
https://t.me/positiveanglenews