(ပြည်တွင်း) မတ်လ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ အုမ္မသီးရွာအနီးတွင် ယမန်နေ့(မတ်လ ၁၄) ညနေပိုင်းအချိန်က နယ်မြေရှင်းလင်ရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲကြောင်း သိရသည်။

အုမ္မသီးရွာအနီး နယ်မြေရှင်းလင်ရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့ အင်အား ၄၅ ဦးခန့်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူများ ဆုတ်ခွာထွကပြေးသွားခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်တွင် တပ်မတော်ဘက်မှစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး အကြမ်းဖက် TNLA အလောင်း ၁ လောင်း၊ Type-81 သေနတ် ၁ လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၃၄၈ တောင့်၊ RPG ၃ လုံး၊ အီနာဂါ ၃ လုံး၊ လက်ပစ်ဗုံး ၃ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews