(အားကစား) မတ်လ ၈

လီဗာပူးအသင်းကွင်းလယ်ကစားသမား အယ်လီယော့စ် အနေနဲ့ လက်ရှိဘောလုံးရာသီအကုန်တွင် လီဗာပူးလ် အသင်းမှ ထွက်ခွာသွားဖွယ်ရှိနေကြောင်း သိရပါတယ်။
အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကစားသမား အယ်လီယော့စ် ကို လက်ရှိအချိန်တွင် ဥရောပကလပ်အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေတာလည်း ဖြစ်ပါတယ်။
ကွင်းလယ်ကစားသမား အယ်လီယော့စ် ဟာ လီဗာပူးလ်အသင်းနှင့်အတူ ၂၀၁၉-၂၀၂၀ မှ လက်ရှိဘောလုံး ရာသီ အထိပြိုင်ပွဲစုံ ၁၃၆ ပွဲကစားပြီး ၁၃ ဂိုး သွင်းယူထားခဲ့သော် လည်း လက်ရှိအချိန်မှာ အသင်းတာဝန်ရှိသူများနှင့် အဆင်မပြေဖြစ်နေတာကြောင့် အသင်းမှ ထွက်ခွာလိုခြင်းဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးအသင်းကလည်း အယ်လီယော့စ် အတွက် သင့်တင့်တဲ့ပြောင်းရွှေ့ကြေးရရှိပါက မည်သည့် အသင်းကိုမဆို ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews