(ပြည်တွင်း) မတ် ၅
PDF အကြမ်းဖက်သမားတွေ ထောင်ထားတဲ့မိုင်းပေါက်ကွဲတာကြောင့် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၊ ယင်းမချောင်းကျေးရွာက ဦးဇင်း ၁ ပါးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ရေနံချောင်းမြို့နယ်၊ ယင်းမချောင်းကျေးရွာဘုန်းကြီးကျောင်းက သက်တော် ၈၅နှစ်၊ ဝါတော် ၅၃ဝါရှိပြီဖြစ်တဲ့ ဦးဇင်း ဥူးသုဇာတနဲ့ ယင်းမချောင်းကျေးရွာမှာနေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် ဦး၀င်းလှိုင် ဆိုသူတို့(၂)ဦးဟာ ယင်းမချောင်းကျေးရွာကနေ အုတ်ရှစ်ကုန်းကျေးရွာက အလှူတစ်ခုကို ဆိုင်ကယ်ဖြင့်သွားရောက်နေစဉ် အုတ်ရှစ်ကုန်းကျေးရွာအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာ၊ ရွာအ၀င်ထိပ်အရောက်မှာ အကြမ်းဖက် PDF တွေထောင်ထားတဲ့ မိုင်းပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ မတ်လ ၅ ရက်နေ့ မနက် ၉နာရီခွဲ အချိန်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး ဦးဇင်း ဥူးသုဇာတရဲ့ခြေထောက်မှာ ဒဏ်ရာ ရရှိခဲ့ပြီး တစ်ရွာတည်းနေ ကို၀င်းလှိုင်ဆိုသူကတော့ ရရှိဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ဦး၀င်းလှိုင်နဲ့ ဒဏ်ရာရရှိသူ ဦးဇင်း ဥူးသုဇာတ တို့ကို PDF အကြမ်းဖက်တွေက ခေါ်ဆောင်သွားပြီး PDF တွေက လာရောက်ခေါ်ဆောင်ဖို့ အကြောင်းကြားမှသာ သွားရောက်ခေါ်ယူရမှာဖြစ်ပြီး ခွင့်မပြုဘဲလာရောက်ခေါ်ယူပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့လည်း သိရပါတယ်။
#PAN #ရေနံချောင်းမြို့နယ် #PDF #ဦးဇင်း