
(ကျန်းမာရေး) မတ် ၆
ဒီနေ့ PAN ပရိတ်သတ်များအတွက် ကျန်းမာ ရေး ဗဟုသုတရစေဖို့ ကျန်းမာရေးကဏ္ဍကနေ ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းများ အကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
တစ်နေ့ကို ကယ်လိုရီ ၅၀၀ လောင်ကျွမ်းမယ်ဆိုရင် တစ်ပတ်ကို ကယ်လိုရီ ၃၅၀၀ လောင်မှာပါ။ ကယ်လိုရီ ၃၅၀၀က အဆီတစ်ပေါင်နဲ့ ညီမျှပါတယ်။ တစ်ပတ်ကို ၃၅၀၀ ကယ်လိုရီလောက်ကို လေ့ကျင့်ခန်းလုပ်ပြီး လောင်ကျွမ်းစေမယ် ဒါမှမဟုတ် လျှော့စားမယ်ဆိုရင် ကိုယ်အလေးချိန် တစ်ပေါင်ကျမှာ ဖြစ်ပါတယ်။ အစားလျှော့စားဖို့ ခက်တယ်ဆိုရင် ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းများကို လုပ်ကြည့်နိုင်ပါတယ်။
လူတစ်ယောက်ချင်းစီရဲ့ ကယ်လိုရီလောင်ကျွမ်းပုံတွေက မတူညီကြပါဘူး
လေ့ကျင့်ခန်း မစခင် သိထားရမယ့်အချက်က တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကယ်လိုရီ လောင်ကျွမ်းပုံချင်း မတူကြဘူးဆိုတာကိုပါ။ ကယ်လိုရီ ၃၅၀၀ လောာင်ကျွမ်းတိုင်းမှာ ကိုယ်အလေးချိန် တစ်ပေါင်ကျတယ်ဆိုပေမယ့် ဒါက လူတိုင်းအတွက်တော့ မမှန်ပါဘူး။ တချို့တွေက ပေါင်ဝက်လောက်ပဲ ကျနိုင်သလို တချို့တွေမှာတော့ တစ်ပေါင်မက ကျနိုင်ပါတယ်။
ဒါကြောင့် လေ့ကျင့်ခန်း ၁နာရီ လုပ်တာချင်း တူရင်တောင် ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းမှာ ကယ်လိုရီလောင်ကျွမ်းတဲ့ ပမာဏချင်း တူကြမှာ မဟုတ်ပါဘူး။ ကယ်လိုရီလောင်ကျွမ်းတာက ဘယ်ပေါ်မူတည်နေလဲဆိုတော့ –
• ခန္ဓာကိုယ်အချိုးအစား – အရပ်ရှည်ရှည်၊ လူကောင်ကြီးကြီးတွေက လေ့ကျင့်ခန်းလုပ်တဲ့အခါ ကယ်လိုရီပိုလောင်ကျွမ်းပါတယ်။
• ခန္ဓာကိုယ်ဖွဲ့စည်းပုံ – ကြွက်သားရှိတဲ့သူတွေက အဆီရှိသူတွေထက် ကယ်လိုရီ လောင်ကျွမ်းတာ ပိုမြန်ပါတယ်။
• ကျား/မ – အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ယှဉ်ရင် ကြွက်သားပိုများပြီး အဆီပိုနည်းတဲ့အတွက် လေ့ကျင့်ခန်းလုပ်တာချင်းတူရင်တောင် အမျိုးသားတွေက ကယ်လိုရီပိုလောင်ကျွမ်းပါတယ်။
• အသက် – အသက်ကြီးလာလေလေ ကြွက်သားဆုံးရှုံးမှုများလေလေ ကယ်လိုရီလောင်ဖို့ ပိုခက်ခဲလေပါ။
ဒါတွေအပြင် တစ်ယောက်ချင်းရဲ့ ဟော်မုန်းအပြောင်းအလဲ၊ မျိုးဗီဇ စတာတွေကလည်း ကယ်လိုရီလောင်ကျွမ်းမှုအပေါ်မှာ သက်ရောက်မှု ရှိနေပါသေးတယ်။
ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့် ခန်းများ
၁ ။ Gymမှာ ဆော့မယ်ဆိုရင် ။Gymမှာဆိုရင် ကိုယ့်ရဲ့ personal trainerနဲ့ တွက်ချက်ပြီး ဆော့တာ အကောင်းဆုံးပါ။ ဒါမှ ကိုယ့်ရဲ့ ကိုယ်အလေး ချိန်အလိုက် ဘယ်လေ့ကျင့်ခန်းကို ဘယ်လောက်ကြာကြာဆော့ရင် ကယ်လိုရီဘယ်လောက် လောင်မလဲဆိုတာကို တိတိကျကျ တွက်နိုင်မှာ ဖြစ်ပါတယ်။ မှန်းချေအားဖြင့်တော့ –
(က) စက်နဲ့ လှေကားတက်တဲ့ လေ့ကျင့်
ခန်းကို လုပ်တဲ့အခါ နာရီဝက်ကို
ကယ်လိုရီလောက် လောင်ကျွမ်းပါ
တယ်။
( ခ ) လမ်းလျှောက်စက်ပေါ်မှာ
inclination သုံးပြီး လျှောက်တဲ့
အခါ နာရီဝက်ကို ကယ်လိုရီ ၁၈၀ –
၂၅၀လောက် လောင်ကျွမ်းပါတယ်။
Inclination မတ်လေလေ ကယ်လိုရီ
လောင်ကျွမ်းတာ များလေလေပါ။
( ဂ ) ပြေးစက်ပေါ်မှာ ဆိုရင်တော့ တစ်မိုင်
ကို ၇မိနစ်နှုန်းနဲ့ ပြေးမယ်ဆိုရင် တစ်
နာရီကို ကယ်လိုရီ ၅၃၉ လောက်
လောင်ကျွမ်းပါတယ်။
(ဃ) စက်ဘီးစက်ပေါ်မှာ အရှိန်ပြင်းပြင်းနဲ့
နင်းရင်တော့ နာရီဝက်ကို ၂၈၀ ကယ်
လိုရီလောက် လောင်ကျွမ်းပါတယ်။
( င ) HIIT workoutဆိုရင်တော့ နာရီဝက်
ကို ၄၅၀ ကယ်လိုရီလောက် လောင်
နိုင်ပါတယ်။
၂ ။ အိမ်မှာပဲ အပေါ့စား လေ့ကျင့်ခန်းတွေနဲ့ လုပ်မယ်ဆိုရင် ။ ပေါင် ၁၅၀လောက်ရှိတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ –
(က) HIITကို နာရီဝက်ဆော့တဲ့အခါ ကယ်
လိုရီ ၄၀၀ လောင်ကျွမ်းပါတယ်။
( ခ ) Pilates ဆိုရင်တော့ နာရီဝက်ကို
ကယ်လိုရီ ၁၅၀ လောင်ကျွမ်းပါ
တယ်။
( ဂ ) ယောဂဆိုရင်တော့ နာရီဝက်ကို ကယ်
လိုရီ ၁၂၀ လောင်ကျွမ်းပါတယ်။
(ဃ) အလေးမတာကတော့ နာရီဝက်ကို
၂၂၀ ကယ်လိုရီ လောင်ကျွမ်းပါ
တယ်။
( င ) လမ်းလျှောက်မယ်ဆိုရင်တော့ တစ်
ရက်ကို ၃ မိုင်လောက် လျှောက်မှ
ကယ်လိုရီ ၂၅၀ နီးပါး လောင်ကျွမ်း
မှာ ဖြစ်ပါတယ်။
၃ ။ အိမ်အလုပ်တွေနဲ့ ကယ်လိုရီလောင်ကျွမ်းဖို့ဆိုရင် ။ ပေါင် ၁၅၀ရှိတဲ့ လူတစ်ယောက်အတွက် –
(က) တံမြက်စည်းလှည်း (သို့) ကြမ်းတိုက်
တာက တစ်မိနစ်ကို ၄ ကယ်လိုရီ
လောင်ကျွမ်းပါတယ်။
( ခ ) ဖုန်သုတ်တာကလည်း တစ်မိနစ်ကို
၄ ကယ်လီုရီ လောင်ကျွမ်းပါတယ်။
( ဂ ) ထိုင်ချ ဒါမှမဟုတ် ဒူးထောက်ပြီး
ကြမ်းတိုက်တဲ့အခါ တစ်မိနစ်ကို ၄
ကယ်လိုရီ လောင်ကျွမ်းပါတယ်။
(ဃ) ၁၀ပေါင်လောက်ရှိတဲ့ ပစ္စည်းကိုမပြီး
လှေကားတက်တဲ့အခါ တစ်မိနစ်ကို
၆ ကယ်လိုရီလောက် လောင်ကျွမ်းပါ
တယ်။
( င ) ခြံထဲမှာ အပင်ရေလောင်း၊ ပေါင်း
သင်၊ မြက်နှုတ်တာကလည်း တစ်
မိနစ်ကို ၅ – ၇ ကယ်လိုရီလောက်
လောင်ကျွမ်းပါတယ်။
ကယ်လိုရီလောင်ကျွမ်းနဲ့ဖို့ နည်းမျိုးစုံ သုံးနိုင်ပါတယ်
ရုတ်တရက် ကြည့်လိုက်ရင် ကယ်လိုရီ ၅၀၀ လောင်ကျွမ်းဖို့ Gymမှာပဲ ပြေးစက်မှာ အားနဲ့မာန်နဲ့ တစ်နာရီလောက် ပြေးရမလား၊ အိမ်မှာပဲ HIITကို ၄၅မိနစ်လောက် ဆော့ရမလား ဒါမှမဟုတ် ပစ္စည်းတွေမပြီး လှေကားကို ၂နာရီနီးပါး တက်လိုက်ရမလားပေါ့။
တကယ်တော့ ဒီလောက်မလိုပါဘူး။ တစ်မျိုးတည်းနဲ့ ကယ်လိုရီ ၅၀၀ လောင်အောင် လုပ်ဖို့ မလိုပါဘူး။ ဥပမာ ကိုယ်က
• Gymမှာ နာရီဝက်လောက် လမ်းလျှောက်မယ် (ကယ်လိုရီ ၂၀၀)
• အိမ်မှာ ယောဂလေး နာရီဝက်လောက် ဆော့လိုက်မယ် (ကယ်လိုရီ ၁၂၀)
• ခြံထဲမှာ နာရီဝက်လောက် အပင်ရေလောင်းလိုက်မယ် (ကယ်လိုရီ ၁၈၀)
ဒါဆိုရင်လည်း ကယ်လိုရီ ၅၀၀ ပြည့်သွားတာပါပဲ။ ကိုယ်နိုင်သလောက် လေ့ကျင့်ခန်းတွေကို ကိုယ်နိုင်သလောက် အချိန်ပေးပြီး လုပ်လို့ ရပါတယ်။ တစ်မျိုးတည်းနဲ့ ကယ်လိုရီ ၅၀၀ ပြည့်အောင် လုပ်ရမယ်လို့ မဆိုလိုပါဘူး။
တကယ်လို့ လေ့ကျင့်ခန်းနဲ့ ကယ်လိုရီ ၅၀၀ မလောင်နိုင်ဘူးဆိုရင်တော့ ကိုယ်စားမယ့် ကယ်လိုရီကို လျှော့လိုက်လို့ ရပါတယ်။ ကယ်လိုရီအပိုမတက်ဘူးဆိုရင် ကိုယ်အလေးချိန်လည်း တက်မှာ မဟုတ်ပါဘူး။
အရေးကြီးတာက လေ့ကျင့်ခန်းပဲလုပ်မယ် ဒါမှမဟုတ် အစားပဲရှောင်မယ်ဆိုပြီး တစ်ခုတည်းနဲ့ ကိုယ်အလေးချိန်ကို မလျှော့ဖို့ပါပဲ။အစား အသောက်ရော လေ့ကျင့်ခန်းရော မျှလုပ်မှ ကျန်းမာတဲ့ ကိုယ်အလေး ချိန်ကို ရရှိမှာ ဖြစ်ပါတယ်။
(Crd; Hello Sayarwon)
#PAN