“ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်တစ်ဦး ပစ်သတ်ခံရ”

 (မှုခင်း) မတ် ၅

မန္တလေးတိုင်းဒေသကြီး၊  ညောင်ဦးမြို့နယ်၊ငါ့သရောက်တိုက်နယ်၊ဆည်ကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင်တစ်ဦးအား အကြမ်းဖက်PDFအဖွဲ့မှ နေအိမ်တွင် လာရောက်ပစ်သတ်သွားကြောင်း သိရသည်။

ယမန်နေ့ ည ၁၀နာရီချိန်ခန့်က ဆည်ကျေးရွာနေ ဦးစိုးလွင်၊၅၉နှစ်၊(ဘ)ဦးဘိုကေ (ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊မြို့နယ်ကော်မတီဝင်)(ညောင်ဦးမြို့နယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်) သည် နေအိမ်၌ ရှိနေစဥ် အကြမ်းဖက် PDF များမှ လာရောက်ပစ်ခတ် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် PDF ၇ ဦးခန့်သည် သေနတ်များ ကိုယ်စီကိုင်ဆောင်ကာ ရောက်ရှိလာပြီး အကြမ်းဖက် PDF ခေါင်း ဆောင်မှ နေအိမ်အတွင်းရှိနေသူများ ထွက်လာရန်ပြောကြားခဲ့ပြီး ထိုသို့ ပြောကြားမှုကြောင့် ဦးစိုးလွင်နှင့်ဇနီးတို့ထွက်လာရာ အကြမ်းဖက်များက မှောက်ခိုင်းပြီး ဦးစိုးလွင်အား လက်နောက်ပြန်ကြိုးတုပ်ကာ သေနတ်ဖြင့် ၅ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဦးစိုးလွင်မှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး အကြမ်းဖက် PDF များမှာ ဆည်ကျေးရွာအတွင်းမှ ငါ့သရောက်ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

#PAN #ပြည်ခိုင်ဖြိုး #PDF #သတ်ဖြတ်ခံရ