(မှုခင်း) မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ဆိပ်ကမ်းမှ ကလီဆိပ်ကမ်းသို့ မောင်းနှင်လာသည့် သမ္ဗာန်ယာဉ် ၁ စီးသည် ယနေ့မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန်ခန့်က ကလီဆိပ်ကမ်းအနီးတွင် တိမ်းမှောက်မှုဖြစ်ပွားသဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သမ္ဗာန်ယာဥ်တိမ်းမှောက်သည့်နေရာသို့ ကလီဆိပ်မှ ပန်းဆိုးတန်းဆိပ်ကမ်းအထိ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ လည်းကောင်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဗိုလ်တစ်ထောင်ဆိပ်ကမ်းအထိ ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှလည်းကောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် သမ္ဗာန်ယာဉ်ပေါ်ရှိ ယာဉ်မောင်းအပါ ၁၂ ဦးအနက် ၁၁ ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး ကျန်ပျောက်ဆုံးနေသူ ၁ ဦးအား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews