(မှုခင်း) ဖေဖော်ဝါရီ ၂၅
မွန်ပြည်နယ် ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနဲ့ ချဲဒိုင်တစ်ဦးအပါအဝင် လူ ၆ ဦးကို PDF ထောက်ပို့မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၅ ရက်နေ့ မြို့နယ်ထွေ/အုပ်ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်မီးသတ်ဦးစီးမှူးနဲ့ ၂လုံး ၃ လုံး ချဲဒိုင်တစ်ဦးအပါအဝင် လူ ၆ ဦး မနက်ပိုင်းကစတင်ကာ ဖမ်းဆီးသွားကြတာဖြစ်တယ်လို့လည်း သတင်းအရင်းအမြစ်ကပြောပါတယ်။
“ဖမ်းဆီးသွားတာတော့ မှန်တယ်။ ဘယ်ကိုဖမ်းသွားလဲဆိုတာတော့မသိဘူး၊ သယတို့ကိုမဖမ်းခင်တစ်နေ့က ဥတ္တံတားကတစ်ယောက်အဖမ်းခံရတယ်။ အဲဒါရဲ့ကွင်းဆက်ဖြစ်နိုင်တယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသတွင်းသတင်းတစ်ရပ်မှာတော့ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ပေါင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို၊ ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုဦးစီးမှူး ဦးကျော်မျိုးလှိုင်၊ တော်ဝင်ဘော်ဒါပိုင်ရှင် ကိုဇာနည်၊ ၂ လုံး ၃ လုံးဒိုင် ကိုမိုးငယ်၊ ဦးဇော်ဝင်းမြင့်၊ ဒေါ်ကျော့ကျော့စံ တို့ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီထဲက တော်ဝင်ဘော်ဒါပိုင်ရှင် ကိုဇာနည်ဟာ ၂၀၂၁ ဆူပူဆန္ဒပြမှုတွေထဲမှာ ဦးဆောင်ပါဝင်သူတစ်လည်းဖြစ်လို့ ဖမ်းဆီးခံရတဲ့သူတွေဟာ PDF အကြမ်းဖက်တွေထံကို ငွေကြေးနဲ့ရိက္ခာတွေ ထောက်ပံ့ပေးနေတဲ့အတွက် ဖမ်းဆီးသွားတာ ဖြစ်နိုင်တယ်လို့ မြို့ခံတစ်ချို့က သုံးသပ် ပြောဆိုထားပါတယ်။
“ဥတ္တံတားအတွင်းရွာမှာ PDF ခေါင်းဆောင်တစ်ယောက်ဖမ်းမိတယ်လို့တော့ကြားတယ်။ ကြားပြီးတော့ ပြန်တိတ်သွားတာပေါ့နော် ဘယ်သူမှလည်းမမေး မမြန်းရဲကြဘူး ခုမှ ဒီသတင်းထွက်လာတော့ ရဲထွန်းခိုင်ဖော်တဲ့အမှုလို့တွက်ဆရတယ်။ ဘယ်သူတွေဆက်ပြီးပါအုံးမလဲမသိသေးဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဥတ္တံတားအတွင်းရွာက ပြင်ပကျူရှင်ဆရာ ဦးရဲထွန်းနိုင် ဖမ်းဆီးခံရပြီးတဲ့နောက် နောက်ဆက်တွဲ ကွင်းဆက်ဖမ်းဆီးမှုအဖြစ် ပေါင်မြို့နယ်က PDF ထောက်ပံ့သူအမြောက်အများဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာနဲ့ မိုးနိုင်းကျေးရွာအစပ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ဒေသအခေါ် (စွယ်တော် – ကျောက်ဆင်အနီးက တံတားအောက်မှာ မိုင်းအများအပြားတွေ့ရှိပြီးနောက် လုံခြုံရေးအဖွဲ့က သက်မဲ့ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
မွန်ပြည်နယ် ပေါင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အမာခံပါဝင်နေပြီး ပေါင်မြို့နယ်အတွင်း ပစ်ခတ်မှုတွေမကြာခဏရှိနေသလို သေဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။
#PAN #ပေါင်ထွေအုပ် #PDF #ပေါင်မီးသတ် #ထောက်ပို့ #ဖမ်းဆီးခံရ