(စီးပွားရေး) ဖေဖော်ဝါရီ ၂၃

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ ၂၀၂၄ ဖြင့် ယခု ၂၀၂၅ ခုနှစ်အတွင်းမှာ နေပြည်တော်ကောင်စီနယ်မြေရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်း ၁၅ ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(နေပြည်တော်ရုံးချုပ်)မှ သိရပါတယ်။
သင်တန်းများဖွင့်လှစ်ပို့ချရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ သင်တန်းတစ် ကြိမ်စီဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (နေပြည်တော်ရုံးချုပ်)၌ သင်တန်း ၁၀ ကြိမ် စုစုပေါင်းသင်တန်း ၁၅ ကြိမ် ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။
အဆိုပါသင်တန်းများတွင် စားသောက်ကုန်ထုတ်လုပ်နည်းများအပြင် စားသောက်ကုန်များ ဘေးအန္တရာယ်ကင်း ရှင်းရေးဆိုင်ရာ နည်းလမ်းများ၊ စားသောက်ကုန်များ တာရှည်ခံစေရန်နည်းလမ်းများ၊ Quality Control နှင့်ပတ်သက်တဲ့ နည်းလမ်းများ၊ ထုပ်ပိုးမှုဆိုင်ရာနည်းလမ်းများနှင့် Marketing နှင့်ပတ်သက်သော နည်းပညာများကိုလည်း ထည့်သွင်း သင်ကြားပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေဖြင့် သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိသလို ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် အသက် မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews