မှတ်ပုံတင်ထားခြင်းမရှိတဲ့ OXYTOCIN ဆေးများ မသုံးရန် (FDA)အသိပေးထုတ်ပြန်


(ကျန်းမာရေး) ဖေဖော်ဝါရီ ၁၉

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) က တရားမဝင်တင်သွင်းပြီး မှတ်ပုံထားခြင်းမရှိတဲ့ OXYTOCIN(အောက်ဆီတိုစင်) ဆေးဘူးနဲ့ဆေးကတ်တွေကို ဈေးကွက်အတွင်းမှာ ရောင်းချလျက်ရှိပြီး သုံးစွဲရန်မသင့် ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်က အသိပေးကြေညာလိုက်ပါတယ်။

ဈေးကွက်အတွင်းမှာ ဆေးဝါးမှတ်ပုံတင် ထားခြင်းမရှိတဲ့ OXYTOCIN(အောက်ဆီတိုစင်) ဆေးဘူးနဲ့ဆေးကတ်တွေရောင်းချနေတာတွေ ရှိနေတာကြောင့် အများပြည်သူတွေ သတိပြုနိုင်ဖို့နဲ့ သုံးစွဲခြင်းကနေ ရှောင်ကြဉ်နိုင်ရန်အတွက် မှတ်ပုံတင်ရှိတဲ့ OXYTOCIN (အောက်ဆီ တိုစင်) ဆေးဝါးတွေနဲ့ တရားဝင်မှတ်ပုံတင်မထားတဲ့ OXYTOCIN (အောက်ဆီတိုစင်) ဆေးဝါးတွေကို နှိုင်းယှဉ်ပြီး အသိပေးဖော်ပြထားပါတယ်။

တရားဝင်တင်သွင်းထားတဲ့ ဆေးဘူးနဲ့ဆေးကတ်တွေမှာ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် ပါရှိပြီး ရေးသားထားတဲ့စာသားတွေမှာ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားပါတယ်။

တရားမဝင်တင်သွင်းထားတဲ့ ဆေးဘူးနဲ့ ဆေးကတ်တွေမှာ ဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိဘဲ စာသားတွေကလည်း ပါကစ္စတန်ဘာသာနဲ့ ဖော်ပြထားတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

OXYTOCIN (အောက်ဆီတိုစင်) ဆေးဝါးတွေကတော့ သားအိမ်ကိုညှစ်စေတဲ့ သဘာဝ ဟော်မုန်းဆေးတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN