(မှုခင်း) ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နှင့် တောင်သာမြို့တို့တွင် ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်မှုအပါအဝင် မီးလောင်မှု(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှ င့်ဒေသခံများထံမှ သိရသည်။

ယမန်နေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်ခန့်က မိတ္ထီလာမြို၊ ရန်မျိုးအောင်ရပ်ကွက်ရှိ နှစ်ထပ်နေအိမ်တစ်လုံးတွင် အိပ်ယာဘေး ဖယောင်းတိုင်ထွန်းအိပ်ရာမှ ခြင်ထောင်အားမီးကူးစက်ပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မိတ္ထီလာမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၄ နာရီ ၃၀ မိနစ်အခန့်တွင် မီးငြိမ်းသွားခဲ့ပြီး ယင်းနေအိမ်အပါအဝင် နေအိမ်(၃)လုံးမှာ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့အတူ မွန်းလွဲ ၁ နာရီ ၄၇ မိနစ်အချိန်ခန့်ကလည်း တောင်သာမြို့ ၊ အမှတ်(၆)ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၍ တောင်သာမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့်မွန်းလွဲ ၂ နာရီ၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews