
(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၈
အမေရိကန်နိုင်ငံ၏ အဓိကလေကြောင်းလိုင်းတစ်ခုဖြစ်သော Delta လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကနေဒါနိုင်ငံရှိ Toronto Pearson အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသတ်စဉ် ပျက်ကျခဲ့ကြောင်းသိရသည်။

ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ လူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူမရှိကြောင်းသိရသည်။ တိုရွန်တိုရဲတပ်ဖွဲ့က ခရီးသည်အားလုံး အထိ အခိုက်မရှိ ကယ်ထုတ်နိုင်ခဲ့ပြီး ဆက်လက်စုံစမ်းမှုများလုပ်ဆောင်နေသည်။ ဒဏ်ရာရရှိသူ ၈ ဦးတွင် ၃ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး တိုရွန်တိုမြို့ St Michael’s ဆေးရုံသို့ပိုဆောင် ကုသထားကြောင်းသိရသည်။

အဆိုပါ လေယာဉ်ပျက်ကျမှုဖြစ်ပွားသည့် တိုရွန်တို ပီယာဆန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ရာသီဥတုအလွန်ဆိုးရွားနေပြီး လေယာဉ်ခရီးစဉ်များ နှောင့်နှေးခဲ့ကြောင်းသိရသည်။
#PAN