(ပြည်တွင်း) ဖေဖော်ဝါရီ ၁၇

ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ MSME လုပ်ငန်းရှင်များအနေနဲ့ မိမိတို့၏ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် လိုအပ်သည့်ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၆ ခုတို့မှ ထုတ်ချေးပေးလျက် ရှိကြောင်း MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ သိရပါတယ်။
ချေးငွေအတိုးနှုန်းများကို Fixed Capital အနည်းဆုံး ၃၀ ရာခိုင်နှုန်းနှင့်အထက် အသုံးပြုမည့်ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၃ ရာခိုင်နှုန်း Working Capital ၁၀၀ ရာခိုင်နှုန်း အသုံးပြုမည့်ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၄ ရာခိုင်နှုန်းနှင့် Credit Guarantee Insurance-CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းတို့ဖြင့် ချေးငွေများလျှောက်ထားနိုင်ပါတယ်။
ချေးငွေများရယူလိုတဲ့ MSME လုပ်ငန်းရှင်များအနေနဲ့ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်း ဒေသကြီး/ပြည်နယ် MSME အေဂျင်စီများနှင့် ဆက်သွယ်ကာ ချေးငွေများလျှောက်ထားနိုင်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews