နွေရာသီအပြောင်းအရွှေ့တွင် ဖလော်ရီယန်ဝက်ဇ် ကို ခေါ်ယူပေးရန် မန်စီးတီးအသင်းတာဝန်ရှိသူများထံ နည်းပြ ဂွါဒီယိုလာ တောင်းဆို


(အားကစား) ဖေဖော်ဝါရီလ ၁၆

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလမှာ လေဗာကူဆင်အသင်းမှ ဖလော်ရီယန်ဝက်ဇ် ကို ခေါ်ယူပေးရန်အတွက် အသင်းတာဝန်ရှိသူများထံ တောင်းဆိုမှု ပြုလုပ်ထားကြောင်း သိရပါတယ်။

မန်စီးတီးအသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ နစ်ကိုးဂွန်ဇာလက်စ်၊ အိုမာမာမွတ်နဲ့ ကိုဆာနော့ဗ် အစရှိတဲ့ ကစားသမားများအတွက် ပြောင်းရွှေ့ကြေးယူရို သန်း ၂၀၀ ကျော်ထိ အသုံးပြုခဲ့သော်လည်း လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ လိုအပ်ချက်များရှိနေတဲ့ အသင်းကွင်းလယ်ပိုင်းအတွက် ဖလော်ရီယန်ဝက်ဇ် ကို ပစ်မှတ် ထားနေခြင်းဖြစ်ပါတယ်။

မန်စီးတီးအသင်းက ယခုနှစ်ဘောလုံးရာသီအကုန်မှာ ဒီဘရိုင်း နဲ့ စာချုပ်သက်တမ်းကုန်ဆုံးကာ လမ်းခွဲရန် ဆုံးဖြတ်ထားပြီး ၎င်းရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်ရန်အတွက် ဖလော်ရီယန်ဝက်ဇ် ကို ကာလရှည်ပစ်မှတ်ထားနေခြင်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖလော်ရီယန်ဝက်ဇ် ကို ထိပ်တန်းအသင်းကြီးများဖြစ်တဲ့ အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်အသင်းတို့ကလည်း ပစ်မှတ်ထားနေတဲ့အတွက် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က အခြားအသင်း များထက် လက်ဦးမှုရယူပြီး ခေါ်ယူရန်အတွက် တောင်းဆိုထားကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN