CDM များ လက်ခံထားသည့် ပုဂ္ဂလိကဆေးရုံ ၉ ရုံအား ပြစ်ဏ်များချမှတ်


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၄

CDM များအား လက်ခံထားသည့် “ဂရန်းဟံသာ”ဆေးရုံနှင့် “ဆာကူရာ”ဆေးအပါအဝင် ပုဂ္ဂလိကဆေးရုံ ၉ ရုံကို ယာယီပိတ်သိမ်းခြင်းနှင့် အပြီးပိတ်သိမ်းမှု ပြစ်ဏ်များချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ ယာယီပိတ်သိမ်းခြင်းနှင့် အပြီးပိတ်သိမ်းခြင်းပြစ်ဒဏ်များ ချမှတ်ခံရသည့် ပုဂ္ဂလိကဆေးရုံများမှာ “ဂရန်းဟံသာ”ဆေးရုံအား ၁ နှစ်၊ “ဆာကူရာ”ဆေးရုံအား ၆ လ၊ “OSC” ဆေးရုံအား ၁ နှစ်၊ “ကောင်း”ဆေးရုံအား ၃ လ၊ “သမိုင်း”ဆေးရုံအား ၃ လ၊ “ကောင်းစုဆောင်”ဆေးရုံအား ၃ လပိတ်သိမ်းခံရကြောင်း ၊ ၎င်းအပြင်” ချမ်းမြေ့”ဆေးရုံ၊ “မြတ်တော်ဝင်‌”ဆေးရုံ၊ “ကျန်းမာသုခ”ဆေးရုံတို့ကို အပြီးပိတ်သိမ်းလိုက်ကြောင်း သိရသည်။

အလားတူ ၂၀၂၄ ခုနှစ်တွင်လည်း မြောက်ဒဂုံမြို့နယ်ရှိ ပုဂ္ဂိုလိကဆေးရုံ ၁ ရုံဖြစ်သည့် “ပင်လုံ”ဆေးရုံသည် ၂ ကြာ ယာယီပိတ်ခံရပြီး ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN