အောင်ပင်လယ် နယ်မြေရဲစခန်းမှ အချုပ်တရားခံ ၁ ဦး ထွက်ပြေးလွတ်မြောက်


(မှုခင်း) ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်နယ်မြေရဲစခန်းမှ အချုပ်တရားခံ ၁ ဦးသည် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ထွက်ပြေး လွတ်မြောက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ အောင်ပင်လယ် နယ်မြေရဲစခန်း အချုပ်ခန်းအတွင်း ချုပ်နှောင်ထားသော အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)/၅၀(စျ)အမှုမှ တရားခံ ရဲရင့်အောင် (ခ)ကိုရဲ(ခ)ရန်နိုင်၊ ၂၆ နှစ်၊(ဘ)ဦးဇော်ဝင်း၊ ၅၆×၅၇ လမ်းကြား၊ ၁၁၄ (G)လမ်း၊ မြရည်နန္ဒာရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေထိုင်သူ အချုပ်သားမှာ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အလှည့်ကျကင်းသား ရဲတပ်ကြပ်ကြီး သိန်းထွန်းဇော် ၏တာဝန်ချိန်၌ စိစစ်စဥ် အချုပ်ခန်းအတွင်းစောင်ခြုံ၍အိပ်နေသည့် အနေအထား သဏ္ဍာန် ပုံစံတွေ့ရှိရ၍ အသံပေးခေါ်ဆောင်ရာ လှုပ်ရှားမှုမရှိသဖြင့် အချုပ်ခန်းအပြင်မှ တံမျက်စည်းအရိုးဖြင့် ထိုးကြည့်စဥ် အချုပ်တရားခံ မဟုတ်သည်ကိုတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးသွားသော အချုပ်သား ရဲရင့်အောင်(ခ)ကိုရဲ(ခ)ရန်နိုင်အား ဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေလျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN