ချဲလ်ဆီးတိုက်စစ်မှူး ဂျက်ဆန် တံကောက်ကြောဒဏ်ရာကြောင့် ခြောက်ပတ်ခန့် အနားယူရမည်


(အားကစား) ဖေဖော်ဝါရီ ၁၄

ချဲလ်ဆီးအသင်းတိုက်စစ်မှူး ဂျက်ဆန် ရဲ့ တံကောက်ကြောဒဏ်ရာမှာ ခန့်မှန်းထားတာထက် ပိုမိုပြင်းထန်ခဲ့ တာကြောင့် ခြောက်ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရပါတယ်။

ဆီနီဂေါလက်ရွေးစင်ကစားသမား ဂျက်ဆန် က ဖေဖော်ဝါရီလ ၃ ရက်က ဝက်စ်ဟမ်းအသင်းနှင့်ကစားတဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။

ကနဦးတွင် ၎င်း၏ဒဏ်ရာမှာ ပြင်းထန်မှုမရှိစေရန် မျှော်လင့်ကြောင်း နည်းပြဖြစ်သူ မာရက်စကာ က ပြောကြားထားသော်လည်း Scan စစ်ဆေးမှုရလဒ်များအရ ခန့်မှန်းထားတာထက် ပိုမိုပြင်းထန်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် ဂျက်ဆန် အနေနဲ့ ခြောက်ပတ်ခန့် အနားယူရဖွယ်ရှိပြီး မတ်လနိုင်ငံတကာရက်သတ္တပတ်အပြီးမှသာ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN