ဂျပန်နိုင်ငံတက္ကသိုလ်မှ ပါမောက္ခနှစ်ဦးမှ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ ဟောပြောသွားမည်


(ပြည်တွင်း) ဖေဖော်ဝါရီ ၁၃

ဂျပန်နိုင်ငံ တက္ကသိုလ်မှ ပါမောက္ခနှစ်ဦးက ရန်ကုန်တွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ ဟောပြော သွားမှာဖြစ်ပြီး MJC Academic Seminar (Series-1) ကို ဖေဖော်ဝါရီလ ၂၇ ရက်တွင် Park Royal Hotel ၌ ပြုလုပ်သွား မယ်လို့ Myanmar Japan Center က အသိပေးထားကြောင်း သိရပါတယ်။

ဟောပြောပေးသွားမည့် Agriculture & Rural Development ခေါင်းစဉ်အောက်၌ ဂျပန်နိုင်ငံမှ ဆရာကြီး Dr.Akio Takahashi (ဒေါက်တာ အောင်ကိုဆွေ) (Professor Emeritus of the University of Tokyo, Research Fellow of the Oriental Library) က “Myanmar Villages from the viewpoint of a Japanese Villager”ခေါင်းစဉ်ဖြင့် ဂျပန် ကျေးလက်နေရွာသား တစ်ယောက်ရှုထောင့်မှ ဂျပန်နိုင်ငံ၏ ကျေးလက်ဒေသနှင့် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသကို နှိုင်းယှဉ်ပြီး မြန်မာ့ကျေးရွာများသည် မည်သို့သောလူ့အဖွဲ့အစည်းဖြစ်သည်ကို လက်တွေ့ကွင်းဆင်း လေ့လာခဲ့မှုများဖြင့် သီအိုရီပေါင်းစပ်ကာ ဟောပြောပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် Speaker-Dr.Ikuko Okamoto(Ph.D, Professor, Faculty of Global and Regional Studies, Dean, Graduate School of Global and Regional Studies, Toyo University) ကလည်း “Conditions & Challenges of Rural Households in Myanmar: Findings from Snapshot Surveys” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံကျေးလက်ဒေသများ မှ အိမ်ထောင်စုများ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများကို ကွင်းဆင်းလေ့လာ တွေ့ရှိချက်များနှင့် ပေါင်းစပ်ကာတင်ပြသွားမှာ ဖြစ်ပါတယ်။

လက်ရှိစိုက်ပျိုးရေးကဏ္ဍတွင် အရင်းအနှီးလိုအပ်မှု၊ စရိတ်ကြီးမြင့်လာမှုနှင့် သီးနှံအထွက်နှုန်းလျော့ကျခြင်းတို့ကို ရင်ဆိုင်နေရမှုများကြောင့် အိမ်ထောင်စုများသည် စီးပွားရေးအကျပ်အတည်း များကို ရင်ဆိုင်နေကြရသည့်အတွက် အဆိုပါ တွေ့ရှိချက်များမှ ကျေးလက်ဒေသ လူနေမှုဘဝအတွက် အရေးကြီးသော အထောက်အပံ့ လိုအပ်ချက်များကို အလေးထားဆောင်ရွက်ရန် ဟောပြောတင်ပြပေးသွားမှာဖြစ်ပါတယ်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ ဟောပြောပွဲသည် Seminar မှ လက်တွေ့အသုံးဝင်သည့် ဗဟုသုတ များစွာရရှိနိုင်တာကြောင့် စိုက်ပျိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေးကို လက်ရှိလုပ်ကိုင်နေကြသူများနှင့် စိတ်ပါဝင်စားသူအားလုံး (https://forms.gle/VkALCSSCZXSLKnYQ8) Link သို့ ကြိုတင်စာရင်းပေး တက်ရောက်ကြရန် ဖိတ်ခေါ်ထားကြောင်းသ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN